Myaing News

Myaing News

မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် စစ်တပ်စခန်းများအားလုံး စခန်းစွန့်ခွာထွက်ပြေးသဖြင့် လိုက်လံတိုက်ခိုက်ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ၊ ကိုင်းတောမရဲစခန်းနှင့် စစ်တပ် စခန်းကို PDF တပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်း

 

D Day News

ဩဂုတ်လ ၇

 

မကွေးတိုင်း မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရဲကင်းစခန်းနှင့် စစ်တပ်တပ်စွဲထားရာ စခန်းများမှ အကြမ်းဖက်စစ်သား၊ ရဲများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားအချို့ထိခိုက်မှုမရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Pakokku People Defense Force -PPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၇ ရက်နံနက် ၄ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမ ကျေးရွာရှိ စာသင်‌ကျောင်း၊ ရေစက်တို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများအားလုံး စခန်း စွန့်ခွာထွက်ပြေးသွားကြသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်ရှင်းလင်းခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကိုလိုက်လံတိုက်ခိုက်ရာ နံနက် ၄ နာရီမှ ၇ နာရီထိ တကြိမ် ၊ နံနက် ၉ နာရီမှ ၁၁ နာရီထိ တကြိမ် ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား များထံမှ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“စခတွေစခန်းစွန့်ပြေးကြတာ၊ ကိုင်းတောမရဲစခန်းမှာလည်းမရှိတော့ဘူး။ ရေစက်တွင်းက စခတွေ လည်းမရှိတော့ဘူး။ အခုက သရက်ကန်ဘုန်းကြီးကျောင်းမှာ သွားပေါင်းနေကြတယ်လို့ သိရတယ်။ စခန်းစွန့်သွားတဲ့ စခတွေကို လိုက်တိုက်တာမှာ လက်နက်ခဲယမ်းအချို့တော့ ရလိုက်သေးတယ်။ ရဲစခန်းနဲ့ ကိုင်းတော့မရွာကို ဝင်ပြီး နယ်မြေရှင်းလင်းမှုတွေလုပ်နေပါတယ်” ဟု Pakokku People Defense Force -PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမကျေးရွာရှိ ရေစက်စောင့် စစ်တပ်စခန်းတို့ကို ဩဂုတ်လ ၃ ရက် နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်းတွင် တစ် ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဩဂုတ်လ ၄ ရက် ၊ ဩဂုတ်လ ၅ ရက်နေ့တို့တွင် ဆက်လက် ဖိအားပေးတိုက်ခိုက်ခဲ့သည့် အပြင် သရက်ကန်ရွာဘက်မှ တက်လာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ဟန့်တားခဲ့ရာ ကိုင်းတောမကျေးရွာမှ စစ်သား၊ ရဲများမှာ ခံနိုင်ရည်မရှိတော့ပဲ ယနေ့ ဩဂုတ်လ ၇ ရက် နံနက် အစောပိုင်းတွင် စခန်းခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – PDA၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – SRF ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PLA –(အမှတ် ၈၁၅ တပ်ဖွဲ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး- BLDF ၊ Lighting Drone Force ၊ ပခုက္ကူစုဖွဲ့မှု (YoungForce.PPDF.ThuRain.HunterPakokku. Earthquake) ၊ အ ညာမြေတပ်ပေါင်းစု ၊ မြိုင်မြိုနယ်မှ တော်လှန်ရေးအဖွဲ့များ ၊ မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၄ ၊စင်္ကြာ အဖွဲ့၊ ပေါက် ပလဖ နှင့် Justice Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...