MNDAA News

MNDAA News

လားရှိုးကုတင် ၁၀၀ စစ်ဆေးရုံကို MNDAA က တိုက်ခိုက်ခဲ့ခြင်းမရှိဟု စစ်ဆေးဆရာဝန်က ထုတ်ဖော် ပြောဆို (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကုတင် ၁၀၀ စစ်ဆေးရုံကို MNDAA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက် ကာလူနာများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဝါဒဖြန့် ဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေသော်လည်း လက်ရှိကြုံတွေ့နေရသည့် စစ်ဆေးဆရာဝန်များက MNDAA က တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ထုတ် ဖော်ပြောဆိုနေသည်။

 

အဆိုပါ ဝန်ခံထွက်ဆိုသူမှာ ၂၀၁၅ ခုနှစ်တွင် တပ်မတော်ဆေးတက္ကသိုလ်မှ သင်တန်းဆင်းထားသည့် လက်ထောက်ဆရာဝန်တစ်ဦးဖြစ်ကာ မိုင်းရယ်မြို့အခြေစိုက်တပ်ရင်းမှ Mobile Team အဖွဲ့အနေ ဖြင့် လားရှိုးမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

 

“အဲဒီနေ့မှာ လူနာဆောင်တွေပေါ် လက်နက်ကြီး ၂ လုံးလောက်ကျတာတွေရှိတယ်။ အဲလို ကျလာ တဲ့အတွက် အစကတည်းထိခိုက်ဒဏ်ရာရရှိထားတဲ့ လူနာတွေ ထပ်ပြီး ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိလာပါတယ်။ အဲဒါနဲ့ သူတို့အဖွဲ့တွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးပြီး ကုသမှုတွေ လုပ်ပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ ဆေးရုံဝန်းထဲကို MNDAA အဖွဲ့တွေဝင်လာပါတယ်။ ဝင်လာပြီး ကျနော်တို့ လူနာတွေကိုလည်းမပစ်ဘူး။ ဆေးကုသတဲ့ ဆရာဝန်နဲ့ သူနာပြုအဖွဲ့တွေကိုလည်း မပစ်ပါဘူး။ သူတို့ ဆီကို ဘေးလွတ်ရာခေါ်ဆောင်ပေးပါ့မယ်ဆိုပြီးတော့ သူတို့အဖွဲ့တွေနဲ့အတူ ကျနော်လိုက်လာပါ တယ်။ သူတို့ကလည်းဆေးရုံထဲမှာ ကျန်ခဲ့လူနာတွေကို ဝိုင်းဝန်းကူညီသယ်ပြီး တော့ လူနာတွေကို ပစ်ခတ်တာ သတ်ဖြတ်တာတွေလည်းမရှိခဲ့ပါဘူး။” ဟု ၎င်းက စစ်တပ် ဆေးဆရာဝန်က ပြောကြား သည်။

https://youtu.be/3iZVL_-uhTk

MNDAA တပ်ဖွဲ့က လုံခြုံသည့်နေရာကို‌ ခေါ်ဆောင်ပေးသည့်အပြင် ဆက်လက်ကုသရမည့် လူနာများ အတွက် လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ အရေးပေါ်ခွဲစိတ်ကုသရမည့်လူနာများကို ထပ်မံခွဲစိတ်ကုသနိုင်စေရန် ကူညီပေးခြင်း၊ ဆေးရုံအတွင်းမှ ကယ်ထုတ်ခဲ့သည့် လူနာများ၊ မိသားစု ဝင်များကို စားနပ်ရိက္ခာ၊ နေစရာနေရာများ စီစဉ်ပေးခြင်းလို့ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

“အဲလိုခေါ်လာပြီးတဲ့နောက်မှာ လူနာတွေရော ဆေးကုသတဲ့အဖွဲ့တွေရောကို လုံခြုံစိတ်ချရတဲ့ တ နေရာကို ခေါ်ဆောင်လာပါတယ်။ အဲလိုခေါ်ဆောင်လာပြီး ဆေးဝါးကုသမှုတွေ ဆက်လုပ် နိုင်အောင် လိုအပ်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးတယ်၊ ပြီးရင် လူနာတွေ နေလို့ရအောင် နေစရာနေရာတွေ ၊ စားစရာသောက်စရာတွေရော အကုန်လုံး ထောက်ပံ့ပေးထားပါတယ်။ အခု ကျနော် တို့ခေါ်လာတဲ့ လူနာတွေထဲမှာလည်း အရေးတကြီးထပ်မံ ခွဲစိတ်ဖို့လိုတဲ့ လူနာတွေကို လည်းခွဲစိတ်ခန်းဝင်နိုင်ဖို့ စီစဉ်ပေးနေတယ်။ အဲဒါကြောင့် လူနာတွေကိုယ်စား MNDAA အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောချင် ပါတယ်။” ဟု စစ်ကောင်စီတပ် လက်ထောက်ဆရာဝန်က ထုတ်ဖော်ပြောဆိုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...