Chaung U News

Chaung U News

ချောင်းဦးမြို့မရဲစခန်း၊ ထွေအုပ်ရုံး နှင့် ဆက်ကြေးကောက်နေသော စခန်းတို့ကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှု စခန်းမှူးအပါအဝင် ၄ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းအနီး ဆက်ကြေး ကောက်နေသော စခန်းပါအုပ်စုကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီခန့်က ချောင်းဦးမြို့မ ရဲစခန်းနှင့် မီတာ ၁၂၀ အကွာ၌ လမ်း သွားလမ်းလာပြည်သူများကို ဆက်ကြေးကောက်နေသော စခန်းမှူးအပါအဝင် ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စခန်းမှူးနှင့် အခြားအဆင့် ရဲတစ်ဦး သေဆုံးပြီး ရဲတစ်ဦး အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၁၅ တပ်ခွဲ ၃ {ဗိုလ်နိုင် -လေပွေမုန်တိုင်း တပ်ခွဲ} မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူ အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသော ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တို့ ကို ကြံတိုင်းအောင်စစ်ဆင်ရေး အဖြစ် Shar Htoo Waw နည်းပညာသုံး Fixed Wings ဒရုန်း ၃ စီးဖြင့် Drop Bomb ၅ လုံး ကြဲချ တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိ ရသည်။

 

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက ဒရုန်း Shooter ဖြင့် ပစ်ချမှုကြောင့် ဒရုန်းတစ် စီး ပျက်ကျဆုံးရှုံးခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Peacock Drone team -Myaung ၊ Standard Revolution Force-SRF MMU ၊ မိုင်းမင်းသား (အရာတော်) နှင့် ချောင်းဦးမြို့နယ် ပကဖ (C H U) တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်အား မဲပေးရန် ဖိအားပေး ခြိမ်း ခြောက်နေသူ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်အား မဲပေးရန် ဖိအားပေး ခြိမ်း ခြောက်နေသူ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား မဲပေးရန် ဖိအားပေးခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးမှူး အေး သောင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန် သည်။ ယမန်နေ့...