Mandalay News

Mandalay News

မန္တလေးတက္ကသိုလ်အတွင်း၌ စစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်စဉ် လက်ရွေးစင်အမျိုးသမီးရဲဘော်များက မိုင်းခွဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၆

 

မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အတွင်း၌ ကျောင်းပေါင်းစုံ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ တက္ကရောက် လာသည့် အကြမ်းဖက်စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နှင့် ပညာာရေးဝန်ကြီးတို့ တက္ကသိုလ်အတွင်း ဝင်ရောက်နေရာယူစဉ် လက်ရွေးစင်အမျိုးသမီးရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က မန္တလေးတက္ကသိုလ်(မိန်း)တွင် အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ အထက်မြန်မာပြည် ကျောင်းပေါင်းစုံ စာ ဖတ်စွမ်းရည်ပြိုင်ပွဲကို စစ်ကောင်စီခန့်မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ တက် ရောက်ရန် DC ကားတစ်စီး၊ ဖောကား ၂ စီး၊ အိမ်စီးကား ၃ စီးဖြင့် ရောက်ရှိလာပြီး စစ်သားများ နေရာ ယူစဉ် တိုက်မိုင်း ၂ လုံးဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တက္ကသိုလ်ထဲအထိ ဝင်ရောက်ခဲ့ရတာပါ။ ကျောင်းသားတွေက ၈ နာရီ ၁၅ မိနစ်နဲ့ ၈ နာရီ ၃၀ မိနစ် အချိန် အတွင်းမှာ ဘွဲ့နှင်းသဘင်ထဲ အရောက်နေရာယူခိုင်းဖြစ်လို့ ကျောင်းသားတွေထိခိုက်မှု မရှိ အောင် ရှောင်ရှားနိုင်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်အလိုက် အချိန်ဇယားနဲ့ အတိအကျ သိရှိထား တာဖြစ်လို့ ကျောင်းသားတွေထိခိုက်မှုမရှိပါဘူး။ စစ်ကောင်စီကဖွင့်တဲ့ UTC နဲ့အနီးအနားမှာ တစ်လုံး၊ နောက်တစ်လုံးက စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ဖောကားတွေ နေရာယူတဲ့ ဘွဲ့နှင်းသဘင် ညာဘက်အနောက်ထောင်မှာတစ်လုံးပါ။ နှစ်လုံးစလုံးတပြိုင်တည်းခွဲခဲ့တာပါ” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်စောဂွန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ Eagle Guerrilla Force (ဗိုလ်ကောက်ရိုး) Civilian Military -Sagaing Region Defense Force လက်ရွေးစင် အမျိုးသမီး ရဲဘော်များမှ တက္ကသိုလ် အ တွင်းအထိ ဝင်ရောက်ကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး ရဲမေအမျိုး သမီး များဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

“ရွှေဘိုခရိုင် တပ်ရင်း ၁၅ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးမှာ MDY – PDF အောက်ကနေတဆင့် မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲလျက်ရှိပါတယ်၊ သိမ်းပိုက်ရရှိထားတဲ့ မြေပြင်စိုးမိုးလာနိုင်မှုကြောင့်လည်း အခုလို မြို့ပြ စစ်ဆင်ရေးတွေကို အချိန်တိုအတွင်း ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့တာပါ။ မိဘပြည်သူတွေအနေနဲ့လည်း မဝေးတော့တဲ့ မြို့ပြတိုက်ပွဲတွေကို သေချာ စောင့်ကြည့်ကြဖို့ ပြောချင်ပါတယ်။ ကျနော်တို့လည်း ဆက်ဆက်အိမ်ပြန်လာခဲ့ကြမှာပါ” ဟု ရွှေဘို ခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်စောဂွန်က ပြောကြားသည်။

 

ထိုသို့တိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်ဖြစ်သော စစ်ဘက် ဆိုင်ရာ အစောင့်တပ်သားများနှင့် ဝန်ကြီး များကိုသာ အဓိကထားတိုက်ခိုက်ခဲ့ပြီး စစ်ရေး ပစ်မှတ်မဟုတ်သော ကျောင်းသား ဆရာ၊ဆရာမများ မထိခိုက်စေရန် အထူးသတိပြု စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲ တစ်ဦးတို့ CDF Hakha ထံအလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း မေလ ၂၀   ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲတစ်ဦးတို့သည်...