Ye Phyu News

Ye Phyu News

ရေဖြူမြို့ တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ် တို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၅

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့ တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲ စစ်ဆေး ရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း YePhyu People Defence Force – YPPDF အဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ရေဖြူမြို့ တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စစ်ဆေးရေးဂိတ် နှင့် ဘုရားမဲ စစ်ဆေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ က စနိုက်ပါ ၊ ၆၀ မမ တို့ဖြင့် အလစ်ငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/PchSDiUadsU

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) )၊ ရေဖြူပြည်သူ့ကာကွယ်ရေး အဖွဲ့-ပကဖ ၊ တပ်ခွဲ ၂၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ ၁ ၊ က္လားသစ္ဆတ် (ကျားသစ်နက်) ၊ ဘီလုံးပျောက်ကျားအဖွဲ့နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ADin Hmue – Dawei (ထားဝယ်-ပကဖ)၊ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ် ဖွဲ့- DGRF (ထားဝယ်-ပကဖ) ပူးပေါင်းပါဝင်သော “သာဂရစစ်ကြောင်း” တို့က ပူးပေါင်းကာ တိုက် ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူများဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် ဒီပဲယင်းပကဖ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ...