Mying News

Mying News

မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၃

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဧပြီလ ၁ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ စက်မှု ၂ မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့မှ အီနာဂါ ဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီးသေ ဆုံးပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက ည ၉ နာရီကျော်အထိ လက်နက်ကြီးများ ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ယမန် ဧပြီလ ၂ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးကျေးရွာ မှ ထွက်ခွာလာသော စစ်သား၊ ရဲ၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာအပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ပျူစောထီး ၁ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံး ကာ စစ်သား၊ ရဲ ၊ ပျူစောထီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ၊ PKU Thurein၊ DMG တပ်ဖွဲ့နှင့် ဝံပုလွေပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...