Myaing News

Myaing News

မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းနှင့် ရေစက်စောင့် အထိုင်စခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

 

D Day News

ဩဂုတ်လ ၅

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ရေစက်စောင့် စစ်တပ်အထိုင်စခန်းတို့ကို တပြိုင် တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း Earthquake People Defence Force ထံမှ သိရသည်။

 

ဩဂုတ်လ ၃ ရက် နံနက် ၆ နာရီခန့်မှ စတင်ပြီး မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရဲစခန်း၊ ရေစက်၊ စာသင် ကျောင်း၊ဆေးရုံ၊ ကင်းတဲများကို စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းဘန်ကာ စသည့်နေရာများကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှ လွဲ၍ ကျန်စခန်းနေရာများ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရဲ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲ ဘော် ၂ ဦးကျဆုံးကာ ၇ ခန့် ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ရဲဘော်နှစ်ဦးက စခန်းကို ဝင်လုံးတဲ့အချိန် လက်နက်တိုက်ဖွင့်ဖို့ အပြေးမှာ ပစ်ခံထိပြီး ကျသွားတာ။ စက်တွင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကင်းရှေတွေယူထားတဲ့ဟာ အကုန်လုံးကို စီးနင်းပြီးလို့ ရဲစခန်းကို စစီးနင်းတဲ့အချိန်မှာ စခန်းအတွင်းထဲ လက်နက်ကိုက်ကို ပြေးတဲ့အချိန် အဲဒီဘက်က ဘန်ကာက ပစ် ခံထိပြီးကျတာ။လက်နက်တိုက်ကို မစီးနိုင်လိုက်ဘူး။ ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးအလောင်းလည်း မ ရခဲ့ဘူး။ Mi 35 လာတာရယ်၊စက်မှု ၂ စစ်ကူလာရယ်တွေကြောင့် ပြန်ဆုတ်ခဲ့ရတာ။”ဟု Earthquake People Defence Force တာဝန်ခံ ရဲဘော် အရှည်ကြီးက ပြောကြားသည်။

 

ယင်စခန်းသိမ်းတိုက်ပွဲသည် နံနက် ၆ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ တစ်ကြိမ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦး ၊ ရဲ ၁ ဦးသေဆုံးကာ စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင် ပစ္စည်း အချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရွံရွံချွန်ချွန် တိုက်ခိုက်ရင်း ဒီမိုကရေစီ နှင့် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးအတွက် အသက်စွန့်လွှတ်သွားသည့် ရဲဘော်များမှာ ပြည်သူ့ဒီမိုကရက် တစ်တပ်တော် (PDA)မှ အသက် ၁၇ နှစ်အရွယ်ရဲဘော် ‌မဟောက် နှင့် အညာမြေတပ်ပေါင်းစု မှ အ သက်၂၃အရွယ် ရဲဘော် G Shock တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် -PDA၊ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF )၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှု(Young Force.PPDF.Thu Rain. Hunter Pakokku. Earthquake) ၊ အညာမြေတပ်ပေါင်းစု ၊ မြိုင်မြို့နယ် ပကဖ နှင့် မြိုင်စုဖွဲ့မှုတပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး ကောက်ခံပြီး တပ်သားသစ်စုဆောင်းနေသည့် သိုက်ဝါး ချောင်းအုပ်စုမှ စစ်ကောင်စီခန့် ရာအိမ်မှူး အုန်းသန်း ပစ်ခတ်ခံရပြီး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းအုပ်စုတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံ ပြီး တပ်သားသစ်စုဆောင်းနေသည့် ရာအိမ်မှူး...