Chinland News

Chinland News

ထန်တလန်မြို့ပျက်သည်အထိ မီးရှို့ဖျက်ဆီးခဲ့သော အဓိကစစ်တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိပြီး မြို့မရဲစခန်းနှင့် CB တို့ရှိ စစ်သားများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ

 

D Day News

ဩဂုတ်လ ၅

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ပျက်သည် အထိ မီးရှို့ဖျက်ဆီးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ စောင့်တပ်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းကို အပြီး အပိုင်သိမ်းပိုက်ရရှိထားပြီး မြို့မ ရဲစခန်းနှင့် CB ဘဏ်၌ တပ်စွဲထားသော စစ်သားများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ ကြောင်း CDF Htantlang ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်တွင် ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ၏ တပ်အထိုင်စခန်းကို ချင်းပြည်နယ်အစိုးရ တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အကြမ်းဖက် စစ်သားအချို့မှာမြို့တွင်းရှိ ရဲစခန်း၊ CB ဘဏ်စသည့် နေရာများကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

“ထန်တလန်မြို့မှာ စခတွေ အဓိက အထိုင်ချတဲ့နေရာက ၇ ခုလောက်ရှိတယ်။ အဲဒီထဲက အဓိက ကျ တဲ့ တပ်ကုန်းကိုပဲ သိမ်းနိုင်သေးတာ။ ကျန်တဲ့ ရဲစခန်းတို့ CB တို့ကျတော့ ကျန်သေးတယ်။ လက်နက် ခဲယမ်းသိမ်းဆည်းမိတာတွေလည်းရှိတယ်၊ ပြီးတော့ တပ်ကုန်းကနေ CB ဘဏ်တို့၊ ရဲစခန်းတို့မှာ ထွက်ပြေးသွားကြတာ၊ စခန်းကုန်းထဲကနေ လက်နက်ကြီးတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်း နိုင်ခဲ့တာရှိတယ်။ သေဆုံးထိခိုက်တာတွေလည်းရှိတယ်။ အရေအတွက်ဘယ်လောက်ဆိုတာ ပြောလို့ အဆင်မပြေသေးဘူး၊ လက်ရှိက နယ်မြေရှင်းလင်းနေတုန်းပဲ။ လက်ရှိတော့ တပ်ကုန်းမှာ ကျနော်တို့ အလံ လွှင်ထူလို့ရပြီ။” CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Photo – အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော ထန်တလန်မြို့မြင်ကွင်း

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယမန်နေ့ ဩဂုတ လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ ယနေ့ ဩဂုတ်လ ၅ ရက်နံ နက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် အထိုင်စခန်းတွင် ခလရ ၇၇ ၊ ခလရ ၂၆၉ နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။

 

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး ချင်းပြည်နယ်အစိုးရ ပူးပေါင်း တပ်ဖွဲ့ များက ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့နှင့် ဟားခါးမြို့နယ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ အထိုင်ချနေရာဖြစ်သည့် ရှေ့တန်းစခန်း ၇ ခုထက်မနည်းကို ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့တွင်း၌ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက်ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ယခုစစ်ဆင်ရေးသည် ချင်းပြည်နယ်အစိုးရတပ်ဖွဲ့အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်သည့် CDF Htantalang ၊ CDF – Hakha ၊ CDF Matupi ၊ CNA စသည့်ချင်းတော်လှန်ရေးအဖွဲ့အစည်း ၁၅ ဖွဲ့ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA...