Monywa News

Monywa News

မုံရွာနည်းပညာ တက္ကသိုလ်အတွင်းရှိ စစ်တပ်စခန်းကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုစစ်သား ၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာနည်းပညာတက္ကသိုလ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရော့ကတ်၊ ဒရန်းဖြင့်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ ထံမှ သိရသည်။

 

မုံရွာနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သား အင်းအား ၆၀ ခန့် ရှိသည့် အထိုင်စခန်းနေရာအား ၂ မိုင်ပစ် ရော့ကတ် အလုံး (၁၀၀) နှင့် Fixed Wing Drone များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်သည့် ကင်းတဲ ၁ လုံး ၊ နေထိုင်ရာ အဆောက် အဦး ၄ လုံး ပျက်စီးကာ အရာရှိမိသားစုဝင် အဆောင် အဆောက်အဦးတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

https://youtu.be/X_mMXtFwsYk

ထို့အပြင် အကြမ်းဖက်စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ၂ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်စစ် သား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ဦးဆောင်၍ မုံရွာခရိုင်အမှတ် ၂၇ တပ်ရင်း (တပ် ခွဲ ၃ သိမ်းငှက်တပ်ခွဲ) နှင့် မင်းကင်းဒေသခံပြည်သူကာကွယ်ရေးတပ်ပေါင်းစု (Mingin Local PDF Union) အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာမြို့ နည်းပညာ‌‌တက္ကသိုလ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး ရဲဘော်များက Rocket ၂၇ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၃ နှင့် မင်းကင်းမြို့နယ် Lcal တပ်ပေါင်းစုအဖွဲ့တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၈   မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်း ၊ မိုင်းများဖြင့် တိုက် ခိုက်ခဲ့ရာ...