Nyaunglaybin News

Nyaunglaybin News

ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်စခန်းနှင့် မုက္ခမူ တံတား စစ်ဆေးရေးဂိတ်ကို တိုက် ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

 

D Day News

မတ်လ ၁၃

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း People Defence Force Shwegyin – SGDF အဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာ ညောင် လေးပင်-ရွှေကျင်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အင်အား ၁၅ ဦးခန့်ရှိသော ယာယီ စခန်းငယ်ကို KNLAနှင့် PDF ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရကာ စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို ကျေးရွာနေ ပြည်သူများ၏ ကားဖြင့် ညောင်လေးပင်ဘက်ကို သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ရွှေကျင် ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ညောင်ပင်ပေါက်၊ ထောင်လောင်း၊ ရှမ်းတဲစုရွာကျေးရွာ များ မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

 

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ မုက္ခမူ တံ တား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သား ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...