MNDAA

MNDAA

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်သားမိသားစုဝင် ထောင်ချီလက်နက်ချ အညံ့ခံ၊ ဦးစီးအရာရှိ ပထမတန်း စစ်ထောက် ဗိုလ်မှူးကြီး ဖြူလေး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – ရမခ ဌာနချုပ်မှ အကြမ်းဖက်စစ်သား၊ မိသားစုဝင်ထောင်ချီ လက်နက်ချအညံ့ခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် အရှေ့မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် နယ်မြေ အားလုံးကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ထိုသို့ သိမ်းပိုက်မှုအတွင်း အလံဖြူထောင် လက်နက်ချအညံ့ခံသည့် စစ်သားနှင့်ပြည်သူ့စစ်၊ တပ်မိသားစုဝင် အင်အား ထောင်ကျော်ရှိကြောင်း၊ သေဆုံး၊ ပျောက်ဆုံးသူများရှိနေပြီး စာရင်းသွင်းနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

https://youtu.be/rkv71XulxsA

“မနေ့က လားရှိုးဖြစ်စဉ်မှာ ဦးစီးအရာရှိ ပထမတန်း စစ်ထောက် ကို Colonel အဖြစ်စစ်မြေပြင် အဆင့်တိုးခံလိုက်ရတဲ့ ဗိုလ်မှူးကြီး ဖြူးလေး(တေဇ ၂၄) သေဆုံးသွားပါတယ်။ လားရှိုးမှာ စစ်ရှုံးသွား တဲ့ စကစတွေ သေဆုံး၊ ပျောက်ဆုံး၊ စာရင်းမသွင်းနိုင်တာ အများကြီးရှိနေပါတယ်။” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောကြားသည်။

 

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ အစုအဖွဲအကွဲကွဲအပြားပြား ဖြင့် ထွက်ပြေးနေပြီး MNDAA တပ်ဖွဲ့ဝင်များကလည်း လိုက်လံရှင်းလင်းလျက်ရှိရာ အချို့နေရာများတွင် အပြန်အလှန်ပစ်ခတ်တိုက်ပွဲများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်း စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန် ကျေး ရွာကြားတွင် မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ...