TNLA News

TNLA News

ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့ရှိ လက်ကျန်စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီ တပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဩဂုတ်လ ၂ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၊ ၃၉ ရက်မြောက် နံနက် ၅ နာရီ ၄၅ မိနစ် အ ချိန်က ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာနှင့် ပတ္တမြား စေတီ အနီးတဝိုက်သို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၇ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် တပ်မဟာ(၂)နယ်မြေ နောင် ချိုမြို့နယ် သဲခေါ်ရွာသို့ စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Mi35 ဖြင့် (၁) ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပြင် ယမန်နေ့ ဇူလိုင် ၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအနီးသို့  အကြမ်းဖက်စစ်ကောင်စီတပ်က Y12 ဖြင့် လက်နက်ခဲယမ်းများ (၂) ကြိမ် နှင့်  ဗုံး (၃၅)လုံး  လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၆ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်ကြော ရေးစခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၂ ဦးကို ပဲခူးရိုးမအတွင်း၌ အရှင်းမိထားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်သည်။ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈...