YSO News

YSO News

ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းအတွင်းမှ ရေစကြိုမြို့ထဲသို့ အိမ်စီးကားဖြင့် ပြန်လာသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၂

 

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်း အတွင်းမှ ရေစကြိုမြို့ထဲသို့ အိမ်းစီးကားဖြင့် ပြန်လာ သော အကြမ်းဖက်စစ်သားများကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုပကဖထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းအတွင်း မှ အိမ်စီးကားဖြင့် ရေစကြိုမြို့ ရုံးပေါင်းစုံသို့ ပြန်လာသော အကြမ်းဖက်စစ်သား ၇ ဦးကို ရေစကြိုမြို့ အဝင်တနေရာမှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ ကာ ကျန်စစ်သားများနှင့်အတူ ထွက်ပြေးသွားကြောင်း သိရသည်။

 

“သူတို့က ရုံးပေါင်းစုံထဲမှာ တပ်စွဲ ထားတဲ့ စစ်ခွေးတွေ၊ ခလရ ၂၅၈ ထဲကနေ ရေစကြိုမြို့ ရုံးပေါင်း စုံထဲကို အာရာဖတ်ကားအမျိုးအစားနဲ့ပြန်လာတာ၊ အဲဒါကို ရေစကြိုမြို့အဝင်နေ စောင့်ပစ်တာ၊ ကား ကတော့ ကျန်ခဲ့တယ်၊ ၃ ကောင်သေပြီး ကျန်တဲ့သူတွေက ဒဏ်ရာရပြီး ထွက်ပြေးသွားတာ၊ ကျနော် တို့ရဲဘော်တွေကိုလည်း ပြန်ပစ်တယ်။ ဒါပေမယ့် မထိပါဘူး၊ တိုက်ပွဲဖြစ်တုန်းကတော့ စစ်ကူမလာပါ ဘူး၊ ခဏနေကတော့ တိုက်ပွဲဖြစ်တဲ့နေရာကို ရောက်လာတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော MA 4 သေနတ် တစ်လက်၊ MA1 သေနတ် တစ်လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံးနှင့် ၅ ဒသမ ၅၆ ကျည် အတောင့် ၁၆၀ တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း အမှတ် ၉ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...