Poem

Poem

“ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး”

 

Lamin

 

၁၉၆၂ မှာ အာဏာရှင်များ နိုးထလာ၊

ပြည်သူတွေကို  အရူးလုပ်

နေဝင်း အကျင့်ယုတ်။

 

တောင်ပေါ်မြေပြန့် သွေးခွဲကာ

လက်နက်ကိုင်များ ပေါ်ထွက်လာ

ပြည်သူတွေကို လိမ်ညာဖြီး

တပ်မတော်ရဲ့မီး။

 

ပြည်တွင်းစစ်မီး ပေါ်ထွက်လာ

နှစ်ပေါင်း ၆၀ ကြာ

ပြည်သူ့မေတ္တာ သိမ်းယူဖို့

အာဏာရှင်တွေ

ဟန်ဆောင်လို့။

 

ရှေ့တန်းမြေပြင် အောင်ပွဲဆင်

ပြည်သူအများ ဝမ်းသာချင်၊

သပြေပန်းနဲ့ ကြိုဆိုလို့

ပန်းကုံးစွပ်ကြစို့။

 

အညာခံရတဲ့ ပြည်သူတွေ
နိုးကြားလာကြပေ၊

စစ်ကျွန်ပညာ သွတ်သွင်းဖို့

ကျောင်းသားတွေကို ဘောင်ခတ်လို့။

 

စာမတတ်တဲ့ ပြည်သူတွေ

မြန်ပြည်အနှံ့ ၊ ပေါ်ထွက်နေ၊

အချိုကြိုက်သူ၊ သကာကျွေး

နောက်လိုက်ခွေးတွေမွေး၊၊

 

၈၈ မှာတောင်းဆိုလာ ဒီမိုကရေစီ အရေးပါ

လက်နက်ကိုင်လို့ တုတ်နဲ့ရိုက်

အာဏာရှင်နဲ့ သူ့နောက်လိုက်။

 

၂၁ ရဲ့ရာဇဝင် GZ မှတ်တမ်းတင်

စစ်အာဏာရှင် ဖြုတ်ချရေး

စွန့်လွှတ်စွန့်စား တိုက်ခိုက်ပေး။

 

အာဏာရှင်များ စစ်ရှုံးကာ

အဆုံးနိဂုံး သတ်တော့မှာ

ဒို့ပြည်သူများညီညာလို့

ဝိုင်းဝန်းကူကြစို့

ပြိုင်တူတွန်းကြစို။

Lamin

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...