International News

International News

အကြမ်းဖက်စစ်ကောင်စီ၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် မြန်မာပြည်သူများ၏ သဘောထားကို ဆန့်ကျင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြိးဌာန ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန်ပြောဆို

 

D Day News

ဩဂုတ်လ ၁

 

အကြမ်းဖက်စစ်ကောင်စီ၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် မြန်မာပြည်သူများ၏ သဘောထားကို ဆန့်ကျင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမေလာက ပြောကြားသည်။

 

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှု ကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြ သော ဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

 

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အား လုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်နိုင်ငံက တောင်းဆိုထား သည်။

အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဖြစ်ပြီး မတ ရားဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမေလာ က ပြောကြားသည်။

 

ထောင်ပေါင်းများစွာသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများတွင် အကာအကွယ်တောင်းခံရမှု များနှင့်အတူ ပြည်သူ ၃ သန်းကျော် စစ်ဘေးရှောင်နေကြရခြင်းနှင့် သန်းပေါင်းများစွာသော ပြည်သူ များ ဆင်းရဲတွင်း နက်သထက် နက်လာခြင်းများဖြင့် စစ်တပ်၏ လုပ်ရပ်များက အကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာ ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် မြန်မာလူမျိုးများ၏ ပြင်းပြသည့် ဆန္ဒများကို အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့၏ မိတ်ဖက်များနှင့် မဟာမိတ်များက ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

မြန်မာစစ်အုပ်စုကို R2P ဖြင့် အမြန်ဆုံးအရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြတောင်းဆို   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   မြန်မာစစ်အုပ်စုကို R2p ဖြင့် အမြန်ဆုံးအရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုလိုက်ကြောင်း...