Monywa News

Monywa News

မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူ ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ တောပု ပျူစောထီးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီများကို Area 71 PDF ရဲဘော်များမှ အုပ်စု ၃ စုခွဲကာ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

“ညက ခွေး ၂ ကောင်သေတယ်၊ အခုမနက်ကျတော့ အလောင်းတွေ ထုတ်တယ်။ အထိနာတော့ ထွက်လာပြီး တောင်ပုံဘက်က ကွမ်းခြံတွေကို မီးရှို့သွားတယ်၊ အခုတော့ တောပုရွာထဲ ပြန်ဝင်သွား ပြီ” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ညစဉ် ညတိုင်း မူးရူးသောက်စားကာ ဘေးပတ်ဝန်း ကျင်ရှိကျေးရွာများကို အကြောင်းမဲ့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း ၆၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...