Mogoke News

Mogoke News

မိုးကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိ ၊ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို

 

D Day News

ဇူလိုင်လ ၂၄

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့တစ်လုံးကို ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အတည်ပြုပြောကြားသည်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အဖြစ် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၅ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၇ ရက်နေ့တွင် မိုးကုတ်မြို့အနောက်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီဗျူဟာစခန်း၊ ကင်းစခန်းများကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ ဒီနေ့အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအ အနေသေးစိတ်တော့ မသိရသေးပါဘူး၊ သိရှိရတာနဲ့ ထုတ်ပြန်ပေးသွားမှာပါ” ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အတည်ပြုပြောကြားသည်။

 

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည့် TNLA ၊ PDF တပ်ဖွဲ့ ဝင်များအား မိုးကုတ်မြို့နယ်နေပြည်သူများက အောင်ပန်းများဖြင့် သောင်းသောင်းဖျဖျကြိုဆိုခဲ့ ကြကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၆ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၆   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ၊ ရင်းတိုက်ကုန်းနှင့် လက်ပတ်ကျေးရွာ စစ်တပ်စခန်းတို့ကို သိမ်း ပိုက်ရရှိခဲ့ရာ စစ်သား ၁၆...