Wetlet News

Wetlet News

ဝက်လက်မြို့နယ်၊ ရွာသာကြီးအထိုင်ချ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဧပြီလ ၂

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Tiger Brother LPDF – ကျားညီနောင် တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက် နံနက် ၇ နာရီခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ အထိုင်ချထားပြီး ရွာလယ်လမ်းမပေါ်တွင် ဂိတ်ဖွင့် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းလေ ယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး၊ Federal Wings ဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ည ၇ နာရီခန့်တွင် ဒရုန်းဖြင့် လေယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး၊ Federal Wings ဖြင့် ဗုံးသီး ၃ လုံး ထပ် မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုကတော့ ရှိတယ်ဗျ၊ အသေးစိတ်သိရဖို့တော့ စုံစမ်းနေတုန်းပဲ၊ စစ်ခွေးတွေဘက်က ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပါတယ်။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိ ခဲ့ပါဘူး” ဟု Tiger Brother LPDF – ကျားညီနောင် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Tiger Brother LPDF – ကျားညီနောင်၊ Ngwe Dwin Revolution Forces၊

တွေမရှောင်၊ BUFFALO SOLDIERS၊ X Force LPDF(Shwebo) နှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Tiger Brother LPDF – ကျားညီနောင် တပ်ဖွဲ့နှင့်မဟာမိတ်ညီနောင်များအနေဖြင့် ပြည်သူလူထုအား ဖိနှိပ်အနိုင်ကျင့်နေသော အကြမ်းဖက်စစ်အာဏာရှင်နှင့် ယန္တရားလည်စေရေး ကူညီပေးနေသေူများ ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ဝိုင်း ဝန်း ပူးပေါင်းစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပဲခူးခရိုင်ပကဖ ကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ လွှဲပြောင်း အပ်နှံ

ပဲခူးခရိုင်ပကဖ ကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ လွှဲပြောင်း အပ်နှံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ပဲခူးခရိုင် ပကဖ က ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနလက်အောက် သို့ လွှဲပြောင်းပေးလိုက်ကြောင်း ပဲခူးခရိုင်ပကဖက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က KNU တပ်မဟာ ၁ နယ်မြေတွင် ပဲခူးခရိုင်ပကဖက ဖွဲ့စည်း ထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို...