Ngazun News

Ngazun News

ငါးဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းမှ ရဲများ စခန်းစွန့်ခွာထွက်ပြေး၊ PDF တပ်ဖွဲ့ဝင်ရောက်ရှင်းလင်းရာ ဆိုင်ကယ်တစ်စီးသိမ်းဆည်းရရှိ၊ ရဲစခန်းကို မီးရှို့ဖျက်ဆီး

 

D Day News

ဇူလိုင်လ ၂၄

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းနယ်မြေရဲစခန်းမှ ရဲများ စခန်းစွန့်ခွာထွက်ပြေးသွား သဖြင့် ဝင်ရောက်နယ်မြေရှင်းလင်းရာ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီး ပစ်လိုက်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာရှိ နယ် မြေ ရဲစခန်းမှ စစ်သား၊ ရဲများ သည် ကားများဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက လမ်းခုလပ်မှ ဖြတ်တောက်တိုက်ခိုက်ရန် သွားရောက်ခဲ့သော်လည်း အချိန် အနည်းငယ်နောက်ကျသွားသဖြင့် စစ်သား၊ ရဲများမှာ မြို့သာရဲစခန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။

ထို့ကြောင့် မင်းနေကုန်းရဲစခန်းအထိ ချီတက်ပြီး အနီးကပ်ထောက်လှမ်းကြည့်ရာ စခန်းအတွင်းမှ ရဲများအားလုံးစခန်းစွန့်ခွာသွားကြောင်း သိရှိရသဖြင့် စခန်းအတွင်း ဝင်ရောက်ပြီး နယ်မြေရှင်းလင်း ရေးလုပ်ဆောင်ခဲ့ရာ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် ရဲစခန်းတစ်ခုလုံးကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။

 

“ကားတွေနဲ့ထွက်ဖို့ပြင်ဆင်နေတယ်ဆိုလို့ ကျနော်တို့က တိုက်ဖို့သွားတာ၊ ပြင်ဆင်တာ၊ လူစုနဲ့ ဆိုတော့ နည်းနည်းနောက်ကျသွားတယ်၊ ရဲစခန်းမှာက လူအင်အားကလည်း နည်း၊ ကျနော်တို့က တိုက်ပြီး သိမ်းဖို့ စီစဉ်နေတာ၊ သတင်းပေါက်သွားတာလားမသိဘူး၊ စခန်းနားကပ်သွားတဲ့အချိန်မှာ ဘယ်သူမှမရှိတော့ဘူး။ ပစ္စည်းတွေပါအကုန်လုံးသယ်ထုတ်ပြီးစခန်းစွန့်သွားတာ၊ ဆိုင်ကယ် တစ်စီးပဲ ကျန်ခဲ့တယ်၊ အဲဒီဆိုင်ကယ်တစ်စီးတော့သိမ်းလာခဲ့တယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲနှင့်  အတူ  မဟာမိတ်အဖွဲ့များ ဖြစ်ကြသော ဒေါင်းနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ၊ Hero people Defence Force-မြင်းခြံတို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...