Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံးကာ စစ်သားများ မြသိန်းတန်ဘုရားမြောက်ဘက်ရှိ ရှားရောင်းရွာကို ဝင်ရောက်မီးရှို့နေ

 

D Day News

ဇူလိုင်လ ၂၃

 

စစ်ိကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ တိုက်ပွဲတိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦး သေဆုံး ကာ စစ်သားများက မြသိန်းတန်ဘုရားမြောက်ဘက်ရှိ ရှားရောင်းရွာကို ဝင်ရောက်မီးရှို့နေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက မင်းကွန်းရဲစခန်းမှ စစ်သား၊ ရဲ၊ ပျူစောထီးအင်အား ၁၀၀ ကျော် ဖြင့် စစ်ကြောင်းထိုးလာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ရာ နယ်ထိန်းရဲအရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ထို သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူ စောထီးများက မြသိန်းတန်ဘုရားမြောက် ဘက်ရှိ ရှားရောင်းကျေးရွာကို ဝင်ရောက်မီးရှို့နေကြောင်း သိရသည်။

Photo – စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို အကြမ်းဖက်စစ်သားများမီးရှို့နေမှုအား မန္တလေးမြို့ ဘက်မှ မြင်တွေ့ရပုံ

 

“ရဲနဲ့ ပျူတွေက မနက်ခင်းကင်းပတ်ထွက်ရင်း PDF ကားမြင်ပြီး လိုက်ပစ်တာ၊ PDF တွေက လက် ဦး ပြီး ပြန်ပစ်တာမှာ ရဲအကြီးပိုင်းတစ်ယောက်နဲ့ ပျူနှစ်ယောက်သေတယ်၊ ဒဏ်ရာရတာတွေလည်းများ တယ်၊ အဲဒါဖြစ်ပြီးတော့ စခ၊ ရခ၊ ရခတွေက မြသိန်းတန်ဘုရားမြောက်ဘက်က ရှားရောင်းရွာကို ဝင် ပြီးမီးရှို့နေတာ၊ အခုထိရှို့နေတုန်းပဲ၊ ရွာထဲဝင်မရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

 

မြေပြင်ရှိအကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများရှားရောင်းကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေစဉ် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ ကင်းလှည့်လုံခြုံရေးယူကာ ပစ်ခတ် နေကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ၏ မီးရှို့နေမှုကြောင့် သမိုင်းဝင် မြသိန်းတန် ဘုရား မီးကူးစက်လောင်ကျွမ်းမှုရှိပြီး မန္တလေးတောင်ကနေ မီးတောက်များ လှမ်းမြင်နေရကြောင်း သိရသည်။

 

“ပြည်သူတွေထိခိုက်မိတာမျိုးတော့ မကြားမိသေးဘူး။ ပြည်သူတွေက အစောကတည်းက မီးရှို့မယ် အသံကြားလို့ ကြိုရှောင်နေကြရတာ၊ သမိုင်းဝင်မြသိန်းတန်ဘုရားလည်း မီးကူးပြီး ပျက်စီးတယ်၊ လေ ယာဉ်တွေလည်း ဝဲနေတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mon State News

Mon State News

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို လိုက်ပါကူညီမည့်သူများစာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်နေပါက အရေးယူသွားမည်ဟုဆို   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို လိုက်ပါကူညီ မည့်သူများ၏ စာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့...