Kyaikhto News

Kyaikhto News

ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်တွင် အဓမ္မစစ်မှုထမ်းရန် လိုက်လံစာရင်းကောက်နေသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် လိုက်လံစာရင်း ကောက်ယူနေသူ မြအေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောာင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက် ညနေ ၄ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်အတွင်းနေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကော့စံ နိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စာရေးမတို့နှင့် ပူးပေါင်းကာ တစ်အိမ်တက်ဆင်း တက်ကြွစွာ စာရင်း ကောက်နေသူ မြအေးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေ ဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ မြအေးသည် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များကို ဖမ်းဆီးရန် သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် အကြမ်းဖက်စစ်တပ်က ပေးသည့် ပြည်သူ့စစ်သင်တန်းလည်း တက်ရောက်ထားပြီးသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ အဖွဲ့ တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ကျိုက်ထိုမြို့ပေါ်ရှိ ကော့စံနိုင်၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကံ့ကော်၊ တောင်သူစု၊ ဇေယျာမွန်၊ ဖက္ကလိပ် ရပ်ကွက် နှင့် ကော့ထင်း၊ ဘိုရားကြီး၊ မုက္ခမူ၊ မလော့ချောင်၊ ကျိုက္ကသာ၊ စွပ္ပနူး၊ ခလွန်၊ ကျိုက်ပိ၊ ကော့ဘိန်း၊ ကျွန်းတော၊ ကျူချောင်၊ သရက်ကုန်း၊ အဘိုင်း နှင့် ကင်မွန်းချောင်းကျေးရွာ၊ အပါအဝင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ နှင့် စာရေးများအအနေဖြင့် အကြမ်းဖက်စစ် ကောင်စီ အလိုကျ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်အတွက် လူငယ်များကို အတင်း အကြပ် စာရင်းကောက် စုဆောင်းမှု ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ကြ ရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...