TNLA News

TNLA News

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂၈ ရက် အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ပြည်သူ ၁၀၉ ဦးသေဆုံး၊ ၁၃၆ ဦး ဒဏ်ရာရ

 

D Day News

ဇူလိုင်လ ၂၃

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲလျက်ရှိသော ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂၈ ရက်အတွင်း အ ကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ပြည်သူ ၁၀၉ ဦးသေဆုံးပြီး ၁၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။

 

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျောက်မဲမြို့၊ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီ၏ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် ၆လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀အချိန်တွင် ကျောက်မဲမြို့နေပြည်သူ ၄ ဦး သည် ဆိုင်ကယ် ၂ စီးဖြင့်မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ထိုနေရာတွင်ပင် ၄ ဦးစလုံး ပွဲချင်းပြီးသေဆုံးကြောင်း၊ သေဆုံးသွားသည့် ပြည်သူ ၄ ဦး ၏ ရုပ်အလောင်းများကို အခင်းဖြစ်ပွားရာ လမ်းဘေး၌ စုပုံစွန့်ပစ်ထားခဲ့ကြောင်း သိရ သည်။

ထို့အပြင် အပြင် ဇူလိုင် ၂၁ ရက်နေ့ ကျောက်မဲမြို့ရှိ နမ့်တုံရပ်နှင့် ရပ်ကွက် ၈ တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိပြီး အမျိုးသား ၁ ဦးနှင့် အ မျိုးသမီး ၂ ဦးလက်နက်ကြီးစထိမှန်သေဆုံးသွားကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ငယ် ၁ ဦးအပါအဝင် ဒေသနေပြည်သူ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့ ရွှေပြည်ညွန့်လမ်းအနီး  စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အ မျိုးသမီး ၂ ဦးဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး ‌ရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင်လည်း လက် နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၃ လုံးထိ ခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

၂၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ၂၈ ရက်အတွင်း စစ် ကောင်စီတပ်မှ အရပ်သားများရှိရာကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၉ ဦးသေဆုံးပြီး ၁၃၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ရွာငံရဲစခန်းအချုပ်ထဲတွင် တပ်မ ၅၅ စစ်သားများက အသက် ၂၃ နှစ်အရွယ် မမိုးမိုးကိုနည်းမျိုးစုံ ရိုက်နှက်စက်သည့်အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်း၊ ရင်သားကို ခါးပတ်ဖြင့်ရိုက် နှက်နှိပ်စက်ခြင်းတို့လုပ်ဆောင်၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်  ...