Pakokku News

Pakokku News

ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်သား၊ ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူ ၅ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၂

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်သား၊ ပျူများကို ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၊ ပျူ ၅ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရေးနှင့် မြောက်လူးကန်ကျေး ရွာကြားရှိ ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို RC Plane ၊ Drone ၊ Rocket လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲ၊ ပျူ ၅ ဦးသေဆုံးပြီး ၁၀ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်း စစ်သည် ၊ ဒေါင်းညီနောင် ၊ ဒေါင်းသွေးနီ ၊ ပြည်သူ့အားမာန်-pdf ၊ King Corba ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ နှင့် Urban Underground Revolution Force (YSO) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲ တစ်ဦးတို့ CDF Hakha ထံအလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း မေလ ၂၀   ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲတစ်ဦးတို့သည်...