CDM News

CDM News

ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

ဇူလိုင်လ ၂၂

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Chin Defence Force-Kanpetlet ထံမှ သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့က ကန်ပက်လက်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲ ဒုတပ်ကြပ် ဦးကွီးလိန်းသည် BA. 63 သေနတ် အမျိုးအစား ၁ လက် ၊ ကျည် ၃၀ တောင့် ၊ ကျည်ဘောက် ၂ ခု နှင့် ဆက်သွယ်ရေးစက် ၁ လုံး တို့ ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် ယုံကြည်စွာ ဆက်သွယ် အ လင်းဝင်နိုင်ကြောင်း  Chin Defence Force-Kanpetlet က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Voice of Mandalay က ထုတ်ပြန်သည်။  ...