Insein Jail News

Insein Jail News

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီထောင်များသို့ ပြောင်းရွှေ့

 

D Day News

ဇူလိုင်လ ၂၁

 

ရန်ကုန်မြို့၊ အင်စိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီ အ ကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ရက် (PPNM) ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်းက အင်းစိန်ဗဟိုအကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်း သား၊ အကျဉ်းသူများကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့‌ ထောင်ပြောင်း‌ရွှေ့ ခဲ့ပြီး ဒိုက်ဦးအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသား ကျား (၂၀၀) နှင့် မ (၆၀) ဦးရောက်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

 

သာယာဝတီ‌အကျဥ်းထောင်သို့ ပြောင်းရွှေ့လိုက်သည့် နိုင်ကျဉ်းအရေအတွက်ကို ရရှိရန် ကြိုးစားနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Ayarwaddy News

Ayarwaddy News

ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းတပ်သား ရှာဖွေပေးနိုင်ခြင်းမရှိသောကြောင့် ဆယ်အိမ်မှူး တစ်ဦး ထွက်ပြေး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၁   ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်း တပ်သား ရှာဖွေပေးနိုင်ခြင်းမရှိသော ကြောင့် စစ်တပ်ခန့်ဆယ်အိမ်မှူးတစ်ဦး ထွက်ပြေးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။   ယခု ဇူလိုင်လ...