Phyu News

Phyu News

ဖြူးမြို့နယ်တွင် ဘီယာဆိုင်ထိုင်သောက်နေသော ရဲ ဒုတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်တပ်စွဲထားရာနေရာ ၅ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၁

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဘီယာဆိုင်ထိုင်ကာ ဘီယာသောက်နေသော ရဲ ဒုတပ်ကြပ်တစ်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ဖြူးမြို့နယ်၊ ညောင်ပင်သာ မြို့တောင် ဘက် ရန်ကုန် -မန္တလေးလမ်းဟောင်းဘေးရှိ စိမ်းနုဝေဘီယာဆိုင်အတွင်း၌ ဘီယာထိုင်သော ညောင် ပင်သာရဲစခန်းမှ ဒုတပ်ကြပ် လင်းလင်းကို ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phyu PDO မှ ရဲဘော်များက ဝင်ရောက်ပစ် ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ ဒုတပ်ကြပ် လင်းလင်းသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကို စုံစမ်း ထောက်လှမ်းခြင်း၊ ပြည်သူကို ခြိမ်းခြောက်ငွေတောင်းခြင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်စိန်ခေါ်ပြောဆိုနေခြင်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်၊ ဇူလိုင်လ ၃ ရက်နှင့် ဇူလိုင်လ ၇ ရက်နေ့တို့တွင် ဖြူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်သားများတပ်စွဲထားရာ နေရာ ၅ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့‌ ကြေင်း သိရသည်။

 

ဖြူးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အင်း‌ရှည်ရွာ၊ တောကျွဲအင်းဘူတာ၊ တောကျွဲအင်းဖိုးအေးဂိုထောင်၊ တောကျွဲအင်း အောင်သိဒ္ဓိသင်္ချိုင်းနှင့် တောကျွဲအင်း အောင်မြေကုန်း ဂိတ်များကို KNLA၊ ၃၅၀၃ PDF တပ်ရင်း၊ ဖြူးမြို့နယ် ပကဖ Drone အဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...