Chauk News

Chauk News

ချောက်မြို့နယ်၊ ကတိုင်ကျေးရွာကို အကြမ်းဖက်စစ်သားများ စီးနင်းဓားပြတိုက်မှု အမျိုးသားတစ်ဦး ကို ဖမ်းဆီးခံရပြီး ရွှေ၊ ငွေ၊ ကား၊ဆိုင်ကယ်တို့အပါအဝင် ကာလတန်ဖိုး သိန်း ၃၀၀၀ ခန့်ပါသွား

 

D Day News

ဇူလိုင်လ ၂၁

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးများက ကတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းဓားပြတိုက်ကာ အမျိုးသားတစ်ဦးကို ဖမ်းဆီး ကာ ပြည်သူ့ နေအိမ်များအတွင်းမှ ရွှေ ၊ ငွေ၊ ကား ၊ ဆိုင်ကယ်တို့အပါအဝင် ကာလတန်ဖိုး သိန်း ၃၀၀၀ ခန့် ယူသွားဆောင်သွားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက်နေ့က ချောက်မြို့နယ်၊ ကတိုင်ကျေးရွာကို အကြမ်းဖက်စစ်သားများက စစ်ကား များဖြင့် ဝင်ရောက်လာကာ သေနတ်များ ပစ်ဖောက်ပြီး စီးနင်းခဲ့ဖြင့် ကျေးရွာနေပြည်သူများမှာ ထွက် ပြေးခဲ့ကြရကြောင်း၊ ထိုသို့ ထွက်ပြေးသွားသည့် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းကာ ရွှေ ၅၀ ကျပ် သားနှင့် ငွေသား ကျပ် သိန်း ၈၀ ခန့်၊ ကား ၊ ဆိုင်ကယ် ၇ စီးတို့အပါအဝင် နေအိမ်အတွင်းရှိ ပစ္စည်း များခိုးယူသယ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် အသက် ၃၅ နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ပြည်သူ့နေအိမ်များ အတွင်းရှိ ပစ္စည်းများကို ပထမ တစ်ကြိမ်တွင် ဖောကား ၄ စီး၊ ဒုတိယအကြိမ်ဖောကား ၈ စီးဖြင့် ကုန်းကြီးရွာရှိ ပျူစောထီးစခန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

“အကြောင်းမဲ့ စစ်ကူးတွေနဲ့ ဝင်လာပြီး သေနတ်တွေပစ်ဖောက်နင်းတာ၊ ပြည်သူတွေက ထွက်ပြေး တယ်၊ ထွက်ပြေးသွားကြတဲ့ ပြည်သူတွေနေအိမ်တွေကို ဖောက်ပြီး ရွှေ၊ ငွေ ၊ ဘီး၊ အုန်းဆီပုလင်း၊ မှန် ကအစ အကုန်သယ်သွားတာ၊ တစ်ချို့ဆိုရင် ၄ ကျပ်သား၊ ၃ ကျပ်သား၊ ၂၅ ကျပ်တို့ စုစုပေါင်းရွှေက ၅၀ ကျပ်သားလောက်ပါသွားတယ်၊ ငွေသားက သိန်း ၈၀ လောက်ပါသွားတာ၊ပျူတွေက အုန်းဆီ ပုလင်း၊ ဘီး၊ ငါးခြောက်ငါးခြမ်းကအစသယ်သွားတာ၊ ခန့်မှန်းတန်ကြေးဆိုရင် သိန်း ၃ ထောင်ဖိုး လောက် ပါမယ်၊ ကတိုင်ရွာက ဈေးဝယ်ဖို့သုံးတဲ့ကားလည်းပါသွားတယ်၊ နောက်ပြီးတော့ ရွာထဲက ခိုးလာပြီး ရွာပြင်အုတ်ခုံပေါ်တင်ပြီး ရွှေတွေ ဝတ်ကြည့်နေတာလည်း တစ်ချို့ရွာသားတွေက တွေ့ လိုက်တယ်၊ အကြမ်းဖက်စစ်တပ်က ဓားပြတိုက်နေတဲ့အထိ ဒီဘက်မှာ ဆိုးရွားနေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများက ဝင်ရောက်စီးနင်းမှုကြောင့် ကတိုင်ကျေးရွာနေ ပြည်သူများမှာ ယနေ့ အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...