Poem

Poem

ကဗျာ ကဏ္ဍ “နေပြည်တော်သို့ ချီတက်စို့”

 

Lamin

 

မြန်မာနိုင်ငံကြီး တစ်ချိန်က သာယာအေးချမ်းလှ၊

တိုင်းသားပြည်သူလူအများ ကုသိုလ်ဒါနပွား။

 

ကောင်းမှုများနဲ့မွေ့လျော်ကာ မြန်ပြည်အနှံ့ပါ။

တောင်ပေါ်မြေပြန့်မခွဲခြား ညီနောင်သွေးရင်းများ။

 

ပြုံးပျော်နေတဲ့ပြည်သူတွေ ဖိနှိပ်ခံရပေ၊

၂၀၂၁ မှာအာဏာလု မဲစာရင်းကိုအကြောင်းပြု။

 

အာဏာလုတဲ့ မင်းအောင်လှိုင် ဒို့ပြည်သူကို သူမနိုင်၊

ခေတ်ကိုပြောင်းဖို့ ခေါင်းပစ်လို့၊

ပြည်သူတွေကို သူထိန်းချုပ်။

 

ပြည်သူချစ်တဲ့ဝန်ထမ်းတွေ CDM မှာပူးပေါင်းပေ၊

ညီညီညာညာ နိုးကြားထ

ဝန်ထမ်းပေါင်းစုံပါဝင်ကြ။

 

စစ်ကျွန် မခံဒို့ပြည်သူ၊

နိုးကြားကြစို့ အတူတူ

ထောက်ပို့ တာဝန်ကူညီလို့

PDF တွေ မွေးထုတ်စို့၊၊

 

ဖက်ဆစ်မျိုးယုတ် အကျင့်မှန်

ဖြတ်လေးဖြတ်နဲ့ မီးရှို့ပြန်

စစ်ကျွန်မခံပြည်သူများ

PDF တွေဖြစ်လို့သွား။

 

ကျေးလက်မှသည် မြို့ပြဆီ ချီတက်လာကြပြီ၊

ကချင်၊ ကယား၊ ကရင်၊ ရခိုင်ညီအစ်ကိုများ

ညီညွတ်စွာနဲ့ ဝိုင်းကူထား

စုပေါင်းအားနဲ့ ပန်းတိုင်သွား။

 

အောင်ပွဲအလီလီစွဲကိုင်လို့

လမ်းများအားလုံး စုစည်းဖို့

နေပြည်တော်သို့ ချီတက်စို့။ ။

 

Lamin

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”   ပျိုးကြဲလက်   တော်လှန်ရာ ဒေသခြားက သတိထား စောင့်စည်းပါ ။   သူ့လိပ်စာ သူ့နေရပ်ကို မစပ်စုရာ ။   တဦးချင်း လုံခြုံစွာ ရှိမှသာ တော်လှန်ရေး ။   နယ်ပါယ်စုံ လုံခြုံရမယ် မှတ်ကြကွယ်လေး...