Seik Phyu News

Seik Phyu News

ဆိတ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၁

 

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံမှ ထွက်လာသော အကြမ်းဖက်စစ်သားများလိုက်ပါ လာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၆ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ် ကောင် စီတပ်သား ၂၀ ဦးခန့်ပါ လိုက်ပါလာသည့် ကားတစ်စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်း ဆိပ်ဖြူ မြို့အနီး တစ်နေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Photo – ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...