Myingyan News

Myingyan News

မြင်းခြံမြို့၊ ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု စစ်သား၊ ပျူ ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်အပါအဝင် အကြမ်းဖက် စစ် သားများ တပ်စွဲထားရာနေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း 8 Star မြင်းခြံပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က မြင်းခြံမြို့နယ်၊ လေးရွာဆုံပျူရွာ၊ မြင်းခြံမြို့ရှောင်လမ်း၊ ဇီးခြံအနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်တို့ကို Shar Htoo waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီးများကဲ ချတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ Anyar Federal Task Force(AFTF)နှင့် Freedom Fighter Guerrilla Force (FFGF) အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Political News

Political News

၄ နှစ်သား KNDF တပ်ဖွဲ့က ကရင်နီဒေသအတွင်း စစ်တပ်စခန်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက် ခိုက်နိုင်ခဲ့သည့်အပြင် ကရင်နီလူမျိုးများ၏ ဘိုးဘွားပိုင်နယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်ရရှိ ထားမှု အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ ချီးကျူးဂုဏ်ပြု   သံလွင်မြန်မာသတင်း မေလ ၃၁   ၄ နှစ်သား...