Myaung News

Myaung News

မြောင်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗုံးသီးများအားလုံး ရဲစခန်းအတွင်း ကျရောက် ပေါက်ကွဲ

 

D Day News

ဇူလိုင်လ ၁၉

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်မြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ အားလုံး ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF ထံမှ သိရသည်။

 

ယမန်နေ့ဇူလိုင်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချန်မှ ၉ နာရီ ၃၀၉ မိနစ်အချိန်အထိ မြောင် မြို့မရဲစခန်းအတွင်း တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သား၊ ရဲများကို Shar Htoo WAW နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1 kg AIR BOMB ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး စစ်သား၊ ရဲထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ရဲစခန်းထဲကို အကုန်လုံးကျရောက်ပေါက်ကွဲမှုရှိခဲ့ပါတယ်။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ ထိခိုက် သေဆုံးမှုကတော့ မသိရသေးဘူး၊ အခုနောက်ပိုင်းက ထိခိုက်သေဆုံးမှု စုံစမ်းရတာ အတော် ခက်ခဲလာတယ်၊ အရင်ကလောက် မလွယ်တော့ဘူး။ စခန်းထဲမှာက စခ၊ ရခ ရောရှိတယ်၊ ကင်းလှည့် တာမျိုးတွေလည်း မရှိတော့ဘူး၊ လှုပ်ရှားမှုမရှိတာကြာပြီ” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့်အတူ ညီနောင်မဟာမိတ် တပ်ဖွဲ့ များ ဖြစ်ကြသော စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မိတ္ထီလာ Special Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...

Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်...