Mandalay News

Mandalay News

မန္တလေးမြို့ရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၁၉

 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနှင့် ၃၈ လမ်းရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးချုပ် ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရုံးစောင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၄ နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း နှင့် ၃၈ လမ်းရှိ အကြမ်းဖက်စစ်အုပ်စု ထောက်တိုင် Mytel ရုံးချုပ်ကို လက်နက်ကိုင်စောင့်နေသော အ ကြမ်းဖက်စစ်တပ် လက်အောက်ခံပြည်သူ့စစ်များကို အသေခံ ဒရုန်းတစ်စီးဖြင့် ဗုံးသီး တစ်လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ကင်းစောင့်နေသည့် တဲပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပျူ စောထီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အသေခံဒရုန်းတစ်စီးနဲ့ ဗုံးသီး ၁ လုံးထဲပါ၊ အဓိကအဲဒီရုံးကို စောင့်နေတာက ပျူတွေပဲ၊ နေ့ခင်းဘက် တောင် လက်နက်နဲ့ ရုံးရှေ့ကင်းစောင့်ပါတယ်။ သူတို့အတော်ထိသွားတယ်၊ ကျတာက ခြံစည်းရိုးနဲ့ အဆောက်အဦး ကြား ပျူတွေ အိပ်ပြီး ကင်းစောင့်တဲ့ နေရာ ကျတာ။ ပြန်ပစ်တာတွေလည်းရှိတယ်။ စစ်ကားတွေ၊ ရဲကားတွေ၊ လူနာတင်ယာဉ်တွေလည်း ရောက်လာတယ်။ လက်ရှိမြို့ပေါ်မှာ အတော် စစ်ဆေးနေပါတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ စောဂျွန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း နှင့် Civilian Military – Sagain Region Defense Force၊ Satan is Coming (CM – SRDF) တို့ ပူးပေါင်းကာ ဝရဇိန်အထူးစစ်ဆင်ရေး ၏ ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...