Chaung U News

Chaung U News

ချောင်းဦးမြို့နယ်တွင် ဒဏ်ရာ စစ်သားများကို တင်ဆောင်ပြီး ပြန်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး

 

D Day News

ဧပြီလ ၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဒဏ်ရာရ စစ်သားများကို တင်ဆောင်ပြီး ပြန်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကားတစ်စီးသည် ရေပိုးစာဘုန်းကြီးကျောင်းအတွင်းရှိ ဒဏ်ရာရ စစ်သား များကို Jammer တပ်ဆင်ထားသည့် ကားဖြင့် သွားရောက်သယ်ဆောင်ပြီး မုံရွာ မန္တလေးလမ်းမကြီး အတိုင်း ပြန်လာစဉ်  ရေပိုးစာကျေးရွာနှင့်နတ်ရေကန် ကျေးရွာကြားတနေရာ အရောက် ပဒေသာ မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ ကားပေါ်ပါ စစ်သား ၁၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကားမှာ မီးခိုးအူထွက်သွားကာ မီးခိုးတန်းလန်းဖြင့် နတ်ရေကန်ကျေးရွာရှိ စစ်တပ်စခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ ထို့နောက် ကားပေါ်ပါ သေ ဆုံးအကြမ်းဖက်စစ်သားများကို စခန်းအတွင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

“ရေပိုးစာက နတ်ရေကန်ရဲ့ အရှေ့ဘက်မှာပါ၊ မြင်းမူဘက်ပါဗျ။ အသွားတုန်းကတော့ မဆွဲပဲနဲ့ ဒီ အတိုင်း လွှတ်ပေးလိုက်တာ၊ ရေပိုးစာရွာမှာရှိနေတဲ့ စစ်ခွေးတွေကို နယ်မြေခံတော်လှန်ရေးအင်အား စုတွေက လက်နက်ကြီးတွေနဲ့ အရင်ထုတာပါ၊ အဲဒါကြောင့် ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ကားပေါ် တင်ပြီး ပြန်လာတာ၊ အတော်များများပါတယ်ဗျ၊ အဲဒီကားကို မိုင်းဆွဲခဲ့တာ၊ စခန်းထဲရောက်တော့ ကားပေါ်ကနေ စစ်ခွေး ၁၇ ကောင်ကိုချပြီး မြေမြှုပ်လိုက်တယ်၊ ၃ ကောင်လည်း အသဲအသန်ဖြစ် နေတယ်လို့ သတင်းအတိအကျရထားပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မတ်လ ၃၀ ရက် ညနေ ၃ နာရီ ၄၈ မိနစ်အချိန်ကလည်း ချောင်းဦးမြို့နယ်၊ ရေပိုးစားကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား၌ ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများကို ၆၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defence Force နှင့် တောသားကြီးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...