Mindon News

Mindon News

မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား ၄၀ ခန့်လိုက်ပါလာသော ကား တစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦပွဲချင်းပြီးပြီး ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း အပါ အဝင် ၁၅ ဦးဒဏ်ရာရ

 

  • မင်းလှမြို့နယ် ၊ ဘန့်ပြင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၈

 

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်၊ ပုသိမ် -မုံရွလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား ၄၀ ခန့်လိုက်ပါလာ သည့်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မင်းတုန်းပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ အချိန်က မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ ကား လမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာ၌ တိုင်တား ကျေးရွာဘက်မှ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်အင်အား ၄၀ နီးပါး လိုက်ပါ လာသည့် အဖြူရောင် ဖောကား တစ်စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ပွဲချင်းပြီးသေဆုံး ပြီး ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် သေဆုံးဒဏ်ရာရရှိသူများနှင့်အတူ မင်းတုန်းဆေးရုံသို့ မောင်း ပြေးသွားပြီး ဆေးရုံကို ပိတ်ဆို့ကာ အများပြည်သူများ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားခဲ့ ကြောင်း၊ မြို့တွင်း၌လည်း အရေးပေါ် မာရှယ်လောအမိန့်ထုတ်ကာ သတင်းအမှောင်ချပြီး ထိခိုက် ဒဏ်ရာရရှိသူများကို တစ်ညလုံး အရေးပေါ် ဆေးကုသမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကားခေါင်းခန်း၌ လိုက်ပါလာသော ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းသည် ဝမ်းဗိုက်၊ ပေါင်၊ လက်မောင်းတို့တွင် ကျည်ထိမှန် ဒဏ်ရာရရှိပြီး ၎င်းနှင့်အတူ အပြင်းအထန် ဒဏ်ရာရရှိသူများကို မင်းတုန်းဆေးရုံက မကုသနိုင်တော့သဖြင့် ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက်မိုးလင်းလင်းချင်း သရက် ခရိုင်ဆေးရုံသို့ အရေးပေါ်ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

 

ထို့အပြင် သရက်ခရိုင်ဆေးရုံမှလည်း မနိုင်တော့သည့် အကြမ်းဖက်စစ်သားများကို မကွေးဆေးရုံသို့ ဆက်လက်ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

 

ဇူလိုင်လ ၁၅ ရက် နံနက် ၉ နာရီခန့်ကလည်း အထက်မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတုန်းမြို့နယ်ပကဖက ဆက်လက် ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းတုန်းမြို့နယ် ပ.က.ဖ ၊ မင်းလှမြို့နယ် ပ.က.ဖ ၊ မကွေးမြို့နယ် ပ.က.ဖ ၊ United States Of Burma Army – USBA ၊ West River Army -WRA ၊ Key Of Revolution Guerrilla Force နှင့် Mindon Township People Defense Organization – မင်းတုန်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...