Myaing News

Myaing News

မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ခဲယမ်း၊ ရိက္ခာ များ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၇

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခဲယမ်း၊ ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က တစ်ကြိမ်၊ နံနက် ၅ နာရီခန့်က တစ်ကြိမ် တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများစွာဖြင့် တွင်းမရွာအတွင်းသို့ ပြန်ဝင်သွား ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပြန်ဝင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာအား နယ် မြေရှင်းလင်းစဉ် RPG 7 အဖူး – ၅ ဖူး ၊ ပိုယမ်း ၁၀ တောင့် ၊ 60 မမ – ၂ ဗူး ၊ ကာဘိုင်ကျည် အတောင့် – ၁၅၀၀ တောင့် ၊ တော်ပီဒိုယမ်းအချောင်း – ၆ ချောင်း ၊ ဆန် ၈ အိတ် ၊ ဖုန်း – ၂ လုံး နှင့် ဆေးပစ္စည်း အစုံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မိမိတို တပ်ဖွဲဝင်များ အထိအခိုက်တစုံတရာမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်း ၊ မြိုင်ပကဖ  တပ်ခွဲ ၁  ၊ တပ်ခွဲ – ၂(ဂဠုန်) ၊ Myaing Warriors တပ်ဖွဲ့ ၊ PDF-Kamma (ကမ္မတပ်ပေါင်းစု) နှင့်KMDF(ကမ္မ တပ်ပေါင်းစု) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ  ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...