Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ ထွက်လာသော စစ်သား၊ ရဲ၊ ပျူများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူများ ကို တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၆ နာရီ ၁၂ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ နေ့ကင်းယူ ရန် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူများကို ၎င်းတို့ နေရာယူမည့် ဘန်ကာထဲမှ စောင့် ကြို ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ရဲ ၊ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ MA 1 သေနတ် ၁ လက်၊ Magazine ၁ ခု ၊ 5.56 ကျည်အတောင့် ၅၀ ၊ G-3 သေနတ် ၁ လက်၊ ‌Magazine ၃ ခု ၊ 7.62 ကျည်အတောင့် ၁၄၀ ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံး နှင့် စကားပြေားစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘို ၊ Special Troop Of Anyar Revolution (S.T.A.R) ၊ အညာဒေသအထူးတော်လှန်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး ရွှေဘို၊ Bo Ba Taw -SHWEBO နှင့် Golden Eagles – ZBG အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ မိဘပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများနှင့် အကြမ်းဖက်စစ်တပ် ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...