Nay Pyi Taw News

Nay Pyi Taw News

နေပြည်တော်အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု အဆိပ်ငွေ့ဂိုဒေါင်၊ ဒရုန်းဂို ဒေါင်၊တိုက်လေယာဉ် ၂ စင်းအပါအဝင်လေယာဉ် ၃ စင်းတို့ပျက်စီးပြီး စစ်ကောင်စီတပ်သားစုစုပေါင်း ၃၄ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၇

 

နေပြည်တော်အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု အဆိပ်ငွေ့ဂိုဒေါင်၊ ဒရုန်းဂို ဒေါင်၊တိုက်လေယာဉ် ၂ စင်းအပါအဝင်လေယာဉ် ၃ စင်းတို့ပျက်စီးပြီး စစ်ကောင်စီတပ်သားစုစုပေါင်း ၃၄ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အတည်ပြု ထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီခန့်က နေပြည်တော် အေလာလေတပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၅ လုံးသည် ပစ်မှတ်ကို အောင်မြင် စွာ ထိ မှန်ပေါက်ကွဲခဲ့ပြီး A-5 Bomber Jet Fighter တစ်စင်းသုံးမရတော့ လောက်အောင်ပျက်စီးပြီး နောက်ထပ် Jet Fighter တစ်စင်းခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကြောင်း၊ Y-12 Military Transport Aircraft တစ်စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များကို ချေမှုန်းရန်နှင့်အပြစ်မဲ့ပြည်သူများကို အရှိန်မြင့်ဗုံးကြဲသတ် ဖြတ်နိုင်ရန် ထပ်မံဝယ်ယူထားသည့် ဒရုန်းများကို ထိန်းသိမ်းထားသည့် ဂိုဒေါင်ပြိုကျကာ အကြမ်း ဖက်စစ်ရာရှိ ၃ ဦးနှင့် အခြားအဆင့်ရဲဘော် ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ပြည်သူများနှင့်တော်လှန်ရေးအင်အားစုများအပေါ် တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် ဓာတုအဆိပ်ငွေ့ဗုံး ထုတ်လုပ်သိုလှောင်ရာ ဂိုဒေါင် လည်းထိခိုက်ပျက်စီးခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က တိုက်ခိုက်မှုတွင်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က အရာရှိများအပါအဝင် စုစုပေါင်း ၃၄ ဦးသေဆုံးပြီး ဂိုဒေါင်ပျက်စီးပြိုကျမှုကြောင့် သေဆုံးသူများပါဝင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ကမ္မမြို့တွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ ကံမ္မမြို့အတွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်...