Min Hla News

Min Hla News

မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် မှု စစ်သား ၇ ဦးထက် မနည်းသေဆုံး၊ ဆားချောင်းရွာမှ နေအိမ်အလုံး ၃၀ ကို စစ်တပ်က မီးရှို့ဖျက်ဆီး

 

D Day News

ဇူလိုင်လ ၁၇

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ် အချိန်က မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ဆား ချောင်း ကျေးရွာထိပ်ရှိ လယ်ကွင်းများထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ပဲခူးရိုးမ ပေါ်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦးနေရာမှာ ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့နောက် ဒဏ်ရာရရှိပြီး သယ်ဆောင်သွားသော အကြမ်းဖက်စစ်သား ၂ ဦးလမ်း၌ ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိ ကြောင်း သိရသည်။

“အခုတော့ ငမိုးရိပ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ စလာတာက ငလှမ်းစမ်းဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ စကစတွေပါ။ ဆားချောင်းရွာဘက်ကနေ အင်အား ၁၅၀ လောက်နဲ့ လယ်ကွင်းတွေဖြတ်ပြီးရိုးမပေါ်တက်လာတာ၊ ကျနော်တို့က အပေါ်စီးကနေ ဆော်ရတာမို့ အသာ စီးရတယ်။ မျက်မြင်သေတာ ၅ ဦး၊ ၂ ဦးကတော့ သူတို့တပ်စွဲထားတဲ့ ငလှစမ်းရွာ ဘုန်းကြီးကျောင်း ကို ဆိုင်ကယ်နဲ့သယ်တာ၊ လမ်းမှာတင်သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေကို လိုက်ထရပ်ဘော်ဒီ အရှည်တစ်စီးနဲ့ အပြည့်ပဲ၊ ၁၀ ယောက်မကဘူး၊ အဲဒီထဲမှာလည်းသေတာပါနိုင်တယ်။ ပရဟိတကား တွေနဲ့ ပြည်ဆေးရုံကိုသယ်သွားတာ၊ အဲဒီထဲမှာကလည်း သေဆုံးတိုးလာနိုင်တယ်” ဟု သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ (Myanmar Defense Force) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အထိနာသွားသောအကြမ်းဖက်စစ်သားများသည် ဆားချောင်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ခိုးယူကာ နေအိမ် အလုံး ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ် သားများ တပ်ဆုတ်သွားသည့် နေရာကို နယ်မြေရှင်းလင်းစဉ် ခမရ ၅၃၄ အလံ ၁ ခု၊ 79 ကျည်ခွံ များ နှင့် စစ်သုံးဖိနပ် ၁ ရံအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အိမ်တွေမီးရှို့ခံရတဲ့ရွာတွေက ပြည်သူတွေက တိုက်ပွဲ ထပ်ဖြစ်လာမှာကြောက်ပြီး တောထဲမှာ တဲထိုး နေနေကြတယ်၊ မိုးတွေကလည်းရွာဆိုတော့ သူတို့တွေ အတော်ဒုက္ခရောက်နေကြတယ်။ မလုံခြုံနဲ့ဖြစ်နေတော့ မကြည့်ရက်လို့ ပြည်တွင်းပြည်ပက မိဘပြည်သူတွေအနေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်း ပစ် ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် မိဘပြည် သူများ အနေဖြင့် အကြမ်းဖက်စစ်သားများအနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြ ရန် အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...