Nay Pyi Taw News

Nay Pyi Taw News

နေပြည်တော်အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု လေတပ်အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံးပြီး တိုက်လေယာဉ် ၂ စင်းအပါအဝင်လေယာဉ် ၃ စင်းပျက်စီးပြီး အ ဆောက်အအုံများလည်း ထိခိုက်ပျက်စီး

 

D Day News

ဇူလိုင်လ ၁၆

 

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှုအတွင်း လေတပ်အရာရှိ‌ ၄ ဦးအပါအဝင် ၁၆ ဦးသေဆုံးပြီး တိုက်လေယာဉ် ၂ စင်းအပါအဝင် လေယာဉ် ၃ စင်း ပျက်စီးကာ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Mountain Knights Civilian Defense Force (MKCDF) က အတည်ပြုထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီခန့်က နေပြည်တော် အေလာလေတပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၅ လုံးသည် ပစ်မှတ်ကို အောင်မြင်စွာ ထိ မှန်ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြားအဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် A-5 Bomber Jet Fighter တစ်စင်းသုံးမရတော့လောက်အောင်ပျက်စီးပြီး နောက်ထပ် Jet Fighter တစ်စင်းခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကြောင်း၊ Y-12 Military Transport Aircraft တစ်စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Photo – ပုံဟောင်း

အလားတူ အဆောက်အဦး ၄ လုံး၊ လက်နက် ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံတို့ မီးလောက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၇ ဦးလည်းပျောက်ဆုံး နေကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဧလာလေတပ်စခန်းသည် လုံခြုံရေးအထူးတင်းကြပ်သော အဆင့်မြင့်လေဆိပ်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ကရင်နီဒေသနှင့် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှ ပြည်သူများနှင့် တော်လှန် ရေးအင်အားစုများကို ဗုံးကျဲတိုက်ခိုက်ရာတွင် အထူး အားထားရသော လေဆိပ်ဖြစ်သည်။

 

ယနေ့မစ်ရှင်ကို BWM အဖွဲ့ နှင့် MKCDF အဖွဲ့တို့က တစိုက်မတ်မတ် ပူးပေါင်းဖော်ဆောင်နေသော လေတပ်ချေမှုန်းရေး စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ယခုတိုက်ပါတိုက်ခိုက်မှု အပါအဝင် နေပြည်တော်ဧလာလေတပ်ကို ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ဗိုလ် ချုပ်များ အခြေအနေမကောင်းလျှင် ပြည်ပသို့ထွက်ပြေးရန် အားထားရသည့် လေတပ်ဖြစ်သော ကြောင့် စစ်ဗိုလ်ချုပ်များပြေးပေါက် မရှိရန်လည်း ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ မစ်ရှင်ကို အောင်မြင်စွာ ဖော်ဆောင်ရန် စနစ်တကျ စီမံပေးသော BWM အဖွဲ့ နှင့် အတူ ပူးပေါင်း ကူညီသော MRF အဖွဲ့ နှင့် အခန်းကဏ္ဍအသီးသီးမှ ကူညီ ကြသော မြေပြင်တော်လှန်ရေး မိတ်ဖက်အဖွဲ့အားလုံးကို MKCDF အဖွဲ့ မှ အထူး ကျေးဇူးတင်ပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံမှ အရပ်ကားဖြင့် ထွက်လာသည့် စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား...