Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ Alpha ဘိလပ်မြေစက်ရုံတပ်စခန်းနျင့် တောင်တံငါတပ်စခန်းတို့ကို အပြီးသတ် သိမ်း ပိုက်ရရှိ၊ စစ်သား ၂၄ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၆

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ Alpha ဘိလပ်မြေစက်ရုံနှင့် တောင်တံငါတပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၂၄ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်တိုက်ခိုက်လျက်ရှိရာ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ် မြေ စက်ရုံတပ်စခန်း နှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းအရေအတွက် ၂၈ ခုထိ  သိမ်းပိုက်ရရှိ ထားပြီး ကျောက်တံတားကျေးရွာ တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ် ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သိမ်းပိုက်ရရှိသော စစ်တပ်စခန်းများတွင် အကြမ်းဖက်စစ်သား အလောင်းများတွေ့ရှိပြီး လက်နက်ခဲယမ်းအသုံးအဆောင်များ၊ စစ်သုံ့ပန်းများလည်း ဖမ်းဆီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက် စစ်သားများသည် စက်ရုံ အဆောက်အဦးများကို မီးရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး...