Kawlin News

Kawlin News

ကောလင်းမြို့နယ်တွင် ပြည်သူ့နေအိမ်များကို မီးရှို့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံး

 

D Day News

ဧပြီလ ၁

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ပြည်သူ့နေအိမ်များကို မီးရှို့ပြီးဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရ သည်။

 

ယနေ့မတ်လ ၃၁ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ကောလင်းမြို့နယ်၊ အနောက်ခြမ်း၊ ကျောက္ကာကျေး၊ မင်းကုန်းကျေးနှင့် ဖန်းခါးကုန်းရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဘုန်း ကြီးကျောင်းနှင့် စာသင်ကျောင်းတို့၌ တပ်စွဲထားကာ အခိုင်အမာ ပြင်ဆင်ထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ကျော် အချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်သား၂၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

“တိုက်ပွဲကတော့ မနက် ၅ နာရီမထိုးလောက်ခင်ကတည်းက စတာ၊ အကြီးအကျယ်ပဲ၊ ညနေပိုင်း အထိတောင် လက်နက်ကြီးတွေနဲ့ ကြိုကြား၊ ကြိုကြားပစ်ခတ်သေးတယ်၊ အခုဖြစ်တာက ကောလင်း မြို့အနောက်ဘက် မြို့ပြင်နေရာကျတော့၊ ရွာလေးတွေက အနီးမဝေးလေးတွေမှာရှိတာ၊အဲဒီရွာတွေ ကို စစ်ခွေးတွေက နေအိမ်တွေ မီးရှို့ထားလို့ ပြည်သူတွေလည်း ရွာထဲမှာ မရှိဘူး၊ စစ်ခွေးတွေပဲရှိတာ၊  တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုတော့ အတိအကျမသိရဘူး၊” ဒေသသတင်းရင်းမြစ်က ပြောကြား သည်။

 

အဆိုပါတိုက်ခိုက်မှုကို ကောလင်းခရိုင် အမှတ် ၂ တပ်ရင်း ၊ ကန့်ဘလူခရိုင် အမှတ် ၁ တပ်ရင်း၊ ခရိုင် ပကဖ ၊ကောလင်း ဇုံ ၃ ၊ကောလင်းဇုံ ၅ ကောလင်းဇုံ ၆ ပကဖ လက်နက်ကြီးအဖွဲ့နှင့် ယင်းမာပင်မြို့ နယ်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိ ကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ က ထုတ်ပြန်သည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...