Pakokku News

Pakokku News

ပခုက္ကမြို့လေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်သားများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက် ခိုက်(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့လေယာဉ်ကွင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို RC Plane များဖြင့် Rocket များဖြင့် Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၅ ရက် နေ့တွင် ပခုက္ကူမြို့လေယာဉ်ကွင်းအတွင်း ဝင်ရောက်တပ်စွဲထားသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း၊ Rocket လက်နက်ကြီးများဖြင့် အလုံးရေ ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ရာ စစ်သား၊ ပျူ ၅ ဦး သေဆုံးပြီး ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပျူစောထီးများနေထိုင်ရာ နေအိမ် ၁၀ လုံး ခန့် လည်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

https://youtu.be/SI2ZGc0abYU

“အဓိကတော့ ပျူမိသားတွေက ရေကြီးနေလို့ ဒီအထဲမှာလာပြီး ယာယီနေထိုင်တဲ့သဘောပဲ၊ထန်း လျက်တဲတွေဆောက်ပြီးနေကြတာပေါ့၊ အဲဒီမှာလုံခြုံရေးယူပေးနေတာက စစ်ခွေး ၂၀ လောက်ရှိ တယ်။ နေအိမ်တွေမီးလောင်သွားတာရှိပေမယ့် အတိအကျတော့မသိရဘူး။ ကျနော်တို့ ရှေ့တန်း တပ်ဖွဲ့ရဲဘော်တွေအတွက် လက်နက်၊ ရိက္ခာကမ်ပိန်းလေးတွေလုပ်နေပါတယ်။ အဲဒါကို ဝိုင်းဝန်း ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၆ တ-ပ်ရင်း၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ ၊ Cobra One၊ Tatt PKU၊ Thurain TR ၊ Shwe Nyar Myae၊ Young Force – UG နှင့် မဟာမိတ်တပ်ဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...