Yesagyo News

Yesagyo News

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်း Video ရရှိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၅

 

မကွေးတိုင်း၊ ရေစကြိုမြိုနယ်အတွင်းရှိ ကျေးရွာတစ်ရွာကို ဝင်ရောက်ပြီး အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးကာ ရိုက်ကူးထားသည့် မှတ်တမ်း Video ရရှိခဲ့ကြောင်း Southern YSO PDF ထံမှ သိရ သည်။

 

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ လက် အောက်ခံ ခလရ ၂၅၃ ၊ ၂၅၇ ၊ ၂၅၈ တပ်မှ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများသည် ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မွှေနှောက်မီးရှို့ဖျက်ဆီး ကာ ၎င်းတို့ကိုယ်တိုင် Video ရိုက်ကူးပြီးမှတ်တမ်းတင်ခဲ့ကြောင်း၊ ထို့နောက် မေလ ၁၇ ရက်နေ့တွင် Souther YSO PDF တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

https://youtu.be/Ml91rY7XCC8

“ကျနော်တို့ ရေစကြိုနယ်ထဲကရွာတစ်ရွာပဲ၊ မေလ ၁၃ ရက်နေ့က စစ်ကြောင်းထိုးတာ၊ ၂၅၃ ၊ ၂၅၇ ၊ ၂၅၈ အဲဒီတပ်တွေပေါင်းပြီး စစ်ကြောင်းထိုးတာ၊ မေလ ၁၇ ရက်နေ့မှာ ကျနော်တို့ဘက်ကို ရောက် လာလို့ ကျနော်တို့က တိုက်လွှတ်လိုက်တာ၊ သေနတ် ၉ လက်ရတယ်၊ သူတို့ ၃၀ ကျော်သေတယ်။ အဲဒီပွဲမှာ ဖုန်းအချက်အလက်တွေကတော့ တော်တော်များများရတယ်။ တစ်ချို့ဖုန်းတွေက ဖြည်လို့ မလွယ်တာတွေရှိသေးတယ်၊ လွယ်တဲ့ဖုန်းတွေထဲက အခုမီးရှို့တဲ့သက်သေတွေရခဲ့တာ” ဟု Southern YSO PDF တပ်ဖွဲ့တာ ဝန်ခံကိုအောင်မောင်းက ပြောကြားသည်။

 

ထိုသို့ တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများထံ သိမ်းဆည်းရရှိခဲ့သည့် ဖုန်းများ အတွင်း ပြည်သူ့ နေအိမ်များ မီးရှို့ဖျက်ဆီးသည့် Video ဖိုင်ရရှိသဖြင့် မိဘပြည်သူများ သိရှိနိုင်ရန် စေ ရန် ထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများက ကျေးရွာအများအပြားကို မီးရှို့ဖျက် ဆီးခဲ့ သဖြင့် မည့် သည့်ကျေးရွာ၊ နေအိမ်မည်မျှ မီးလောင်ပြာကျဆုံးရှုံးခဲ့သည့်ကို သိရှိရခြင်း မရှိ ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...