Minkin News

Minkin News

မင်းကင်းမြို့နယ်တွင် ပျူစောထီးစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံး၊ ၂ ဦး အရှင်ဖမ်းမိ

 

D Day News

ဇူလိုင်လ ၁၅

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ပျူစောထီးစခန်းနှင့် ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ  ပျူစောထီး ၁ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ‌Student’s Revolutionary Force (S.R.F) ထံမှ သိရသည်။

 

ဇူလိုင်လ ၁၄ ရက် နေ့လည်ပိုင်းက မင်းကင်းမြို့နယ်၊ မင်းရွာခေါ် ပျူစောထီးကျေးရွာ အနီးတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများထောင်ထားသည့် မိုင်းများကို ‌Student’s Revolutionary Force (S.R.F) ရဲဘော်များက တူးဖော်ရှင်းလင်းနေစဉ် မင်းရွာအတွင်းမှ စစ်သား၊ ပျူစောထီးများ ထွက်လာသဖြင့် ကင်းထောက်အဖွဲ့မှ ပစ်ခတ်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိခဲ့ပြီး နင်းမိုင်း ၅ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ၊ တင်ဘက်ရွာ ပျူစောထီးစခန်းကို ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့၏ Drone တပ်စိပ် Eagle-1 မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပျူစောထီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...