Myaing &Myaung News

Myaing &Myaung News

မြိုင်မြို့နယ်နှင့် မြောင်မြို့နယ်ရှိ စစ်တပ်ဂိတ်စခန်း၊ ပျူရွာတို့ ဗုံးကြဲတိုက်ခိုက်မှု ပျူ ၁ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၁၄

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးခဲ့ ကြောင်း အလင်းတန်းပြောက်ကျားတပ်ဖွဲ့ – မြိုင်ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို အလင်းတန်းပြောက် ကျား တပ်ဖွဲ့မှ ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကင်းစခန်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း -SDDF ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၂ နာရီမှ ၂ နာရီ ၃၀ မိနစ်အချိန်အထိ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ ရှိအကြမ်းဖက်စစ်တပ် ကင်းဂိတ်စခန်းကို Multi Wings Drone များဖြင့် 1 kg AIR BOMB ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း-SDDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ် ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊မိတ္ထီလာ Special Defence Force တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...