Mon News

Mon News

အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တင်တိုက်ခိုက်မည်ဖြစ်သဖြင့် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီး ကို ည ၆ နာရီမှ နံနက် ၆ နာအထိ ပိတ်ပင်ကြောင်း ပူးပေါင်းစစ်ဆင်ရေး ABSDF အပါအဝင် ပူးပေါင်း ၄ ဖွဲ့ထုတ်ပြန်

 

D Day News

ဧပြီလ ၁

 

အကြမ်းဖက်စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှု အရှိန်မြှင့်တင်တော့မည်ဖြစ်သဖြင့် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို ည ၆ နာရီမှ နံနက် ၆ နာရီအထိ ပိတ်ပင်ကြောင်း ABSDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

 

အမှတ် ၈ ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာခွင့်ပြုကြောင်း၊ သတ်မှတ်လမ်းပိုင်းအတွင်း နေ့ အချိန် ခရီးသွားလာရာတွင် မော်တော်ယာဥ်များ မှန်ချမောင်း၍ တာဝန်အရစစ်ဆေးမှုကို ကြည်ဖြူ စွာလက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်များကို လုံးဝ တာ ဝန်ယူမည်မဟုတ်ကြောင်း ထပ်မံ အသိပေးထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်မှလည်း အရပ်သုံးကားများဖြင့် သွားလာခြင်း၊ ခရပ်သားပြည်သူ အသွင် ဖြင့် စစ်အင်အားဖြည့်တင်းခြင်းများကို ပြုလုပ်လျက်ရှိပြီး ပြည်သူများ ထိနစ်နာမှုမရှိစေရန် ထုတ်ပြန် ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကို ကျောင်းသားတပ်မတော် – ABSDF တပ်ရင်း ၁ ၊ မွန်ပြည်တော်လှန်ရေး တပ် – MSRF ၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့် အမှတ် ၃ စစ်ဒေသခွဲ ဗျူဟာ ၃ စစ်ဆင်ရေးမှုး တို့ ပူးတွဲကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...