Nattalin News

Nattalin News

နတ်တလင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

မတ်လ ၃၁

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြိုနယ်အတွင်း၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်က နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ အင်း ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ကွင်းစမ်းရွာထိပ် ကျွန်းခင်းထဲမှနေ၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် နေရာသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရသော်လည်း တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မတ်လ ၃၀ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်သားများရှိရာ သရက်စမ်း ကျေးရွာ အနီးသို့ သွားရောက်ပြီး ၄၀ မမ ၊ ၆၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ် သား၊ ထိ ခိုက်သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

ယနေ့မတ်လ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းအကြမ်းဖက်စစ်များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၉ နာရီ ၄၅ မိနစ် အချိန်၌ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“စစ်ကြောင်းက ၂ ကြောင်းဗျ၊ တစ်ကြောင်းက တောင်ညိုရဲစခန်းကနေ ထွက်တာဗျ၊ နောက်တစ် ကြောင်းကတော့ မကျီးပင်ကလို့ သိရတယ်၊ ခွေးတစ်ကောင်သေတာက တောင်ညိုစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်း။ လက်ရှိမှာတော့ သရက်စမ်းရွာအနီးတဝိုက်မှာ တစ်ကြောင်းနဲ့ စမ်းကြီးမှာ တစ်ကြောင်း ရှိနေတာဗျ” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း-၃၈၀၁ တပ်ခွဲ ၂ PHOENIX D F နှင့် တပ်ခွဲ ၄ – BRA (Bamar Revolution Army) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ယခုအခါတွင် ပဲခူးရိုးမအတွင်းသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် လှည့်လည် လျက်ရှိရာ  တော်လှန်ရေးတပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနီးတဝိုက်နှင့် ပဲခူးရိုးမအတွင်းသို့ ခရီးသွားလာ ခြင်း မပြုကြပါရန် အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...