YSO News

YSO News

ရေစကြိုမြို့နယ်၊ ကျောက်လှေခါး စစ်တပ်ဂိတ်ကို ၆၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဘန်ကာနှင့် အဆောက်အအုံ ၂ လုံးပျက်စီး (ရုပ်သံ)

 

D Day News

မတ်လ ၃၁

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါး အကြမ်းဖက်စစ်တပ်ဂိတ်ကို ၆၀ မမ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာနှင့် အဆောက်အအုံ ၂ လုံးပျက်စီးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ရေစကြိုမြို့နယ်၊ ပခုက္ကူ – ရေစကြိုလမ်း ပေါ်ရှိ ကျောက်လှေကား အကြမ်းဖက်စစ်တပ် ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး အစစ် ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဂိတ်စခန်းအတွင်းသို့ ၄ လုံး စလုံး တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ဘန်ကာများနှင့် စစ်သားများ နေထိုင်ရာ အဆောက် အအုံ ၂ ခု ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

“ခွေးသေထိခိုက်မှုကတော့ အတည်ပြုစုံစမ်းနေဆဲဗျ၊ တိတိကျကျ စုံစမ်းလို့ မရသေးဘူး၊ အပြန်အ လှန်ဖြစ်ခဲ့တာပဲ၊ ကျနော်တို့ဘက်ကလည်း ပစ်တယ်၊ ခွေးတွေဘက်ကလည်း ပစ်တယ်၊ ကျနော်တို့ ဘက်က လက်နက်ကြီး ၄ လုံးပစ်တယ်၊ ခွေးတွေပစ်တဲ့ လက်နက်ကြီး ပစ်ကွင်းအနီးအနားကို ကျတဲ့ အခါမှာ ခွေးတွေဘက်က အသံတိတ်သွားတယ်၊ ကျနော်တို့ဘက်ကို ကောင်တာပြန်မပစ်တော့ဘူး” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောကြားသည်။

 

https://youtu.be/hIEPWyWiWog

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းစစ်သည် ၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF ၊ ညီနောင်သုံးဖော် ၊ ရေစကြိုမြို့နယ် ပလဖ နှင့် King Cobra တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကျောက်လှေခါး ဂိတ်ရှိ အကြမ်းဖက်စစ်သားများသည် အရက်သေစာ မူးရူးသောက်စားကာ အနီး အနားရှိ ကျေး ရွာများကို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပြီး ထိုသို့ ပစ်ခတ်မှုများ ကြောင့် ပြည်သူ့နေအိမ်များ ပျက်စီးခြင်း၊ မီးလောင်ခြင်း၊ ပြည်သူလူထုများ ထိ ခိုက်ဒဏ်ရာရရှိခြင်း၊ တိရစ္ဆာန်များ သေကြေပျက်စီးခြင်းတို့ ရှိကြောင်း သိရသည်။

 

Southern YSO PDF အဖွဲ့အနေဖြင့် တစ်လအတွင်း ၆၀ မမ အစစ်ဗုံးသီး ၁၀ လုံးသာ တိုက်ခိုက်နိုင် ခဲ့ပြီး ခဲယမ်းလိုအပ်လျက်ရှိရာ ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...