Kawthaung News

Kawthaung News

ဘုတ်ပြင်းမြို့နယ်ရှိ ခမရ ၅၅၉ တပ်ရင်းနှင့် ၅၆၀ တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်မှု စစ်သား ၅ ဦး သေဆုံး

 

D Day News

မတ်လ ၃၁

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၉ နှင့် ၅၆၀ တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

မတ်လ ၂၇ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ လေညာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၉ နှင့် ၅၆၀ တပ်ရင်း ၂ ခု၏ ဗဟိုကင်းများကို ဒရုန်းဖြင့် ဗုံးသီး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ လက်နက် ကြီး ဗုံးသီး ချထားသော နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးသီးများထပ်ဆင့်ပေါက်ကွဲ ကာ အကြမ်းဖက်စစ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိပြီး ယင်းတို့အနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း၊ ၎င်းတို့ကို ဘုတ်ပြင်းမြို့ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းနှင့် Dragon Squad အဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ် တပ်ရင်း ၂ ခုမှာ ဂျန်ပါဖွင့်ပြီး ကာကွယ်ထားခဲ့သော် လည်း အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဂိတ်၊ ရဲစ ခန်း နှင့် ဌာနဆိုင်ရာ ရုံးများကို ဝေဟင်မှ အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ် ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...