Student News

Student News

ပုလဲမြို့နယ်တွင် NUG အစိုးရလက်အောက်ခံ ပကဖ၊ ပလဖ၊ ပအဖ များက ကျောင်းသား တစ်ဦးကို ဆိုင်ကယ်ဖြင့်တိုက်ပြီး လက်သီးဖြင့်ထိုးကာခြိမ်းခြောက်ခဲ့ဟု ဗကသများအဖွဲ့ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၁

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် NUG အစိုးရ လက်အောက်ခံ ပကဖ၊ ပလဖ ၊ ပအဖ များက ကျောင်း သားတစ်ဦးကို ဆိုင်ကယ်ဖြင့်တိုက်ပြီး လက်သီးထိုးကာ ခြိမ်းခြောက်ခဲ့ကြောင်း ဗကသများအဖွဲ့ချုပ် က ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်သည်။

 

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားရဲဘော်များကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန (NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်များက ဆိုင် ကယ်ဖြင့်တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း ဗကသ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံ ပညာကျောင်းများတွင်လည်း ကျောင်းအာဏာပိုင်များနှင့် ပသုံးလုံးအဖွဲ့တို့ ပူးပေါင်းပြီး ကျောင်းသား များကို စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းများကဲ့သို့ ဖိနှိပ်ရေးစည်းကမ်းများ ထုတ်ပြန်ပြီး လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိသည့် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ဖိနှိပ်နေ ကြောင်း သိရသည်။

 

ထို့ကြောင့် ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပြည်သူလူထုနှင့် ပူးပေါင်းကာ ပသုံးလုံးယန္တာရားဖိနှိပ်မှုနှင့် ကျောင်းအာဏာပိုင်တွေက စစ်ကောင်စီကဲ့သို့ ဖိနှိပ်နေမှု အပေါ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆန္ဒပြပွဲတွင် “စစ်သုံးစစ်ကို တိုက်ဖြတ်ကြ” ၊ “ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်” ၊ “တန်ပြန် တော်လှန်ရေး လုပ်ရပ်များ ဆန့်ကျင်ကြ” ၊ “ကျောင်းသားများကို ဖိနှိပ်မှုအလိုမရှိ” ၊ “ပ သုံးလုံး အလိုမရှိ” ၊ “ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်” စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဇွန်လ ၃၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...